SAMYAM Hot Chicken Flavor Ramen ခေါက်ဆွဲလေးက အစပ်ကို အရမ်းကြိုက်နှစ်သက်ပြီး ရှူးရှူးရှဲရှဲ စားချင်သူတွေ ကြိုက်နှစ်သက်မယ့် ခေါက်ဆွဲလေးပါ။

နိုင်ငံတကာမှာသာမက မြန်မာနိုင်ငံမှာလည်း SAMYAM Hot Chicken Flavor Ramen ခေါက်ဆွဲကို အစပ် အစားပြိုင်ပွဲ (Spicy Challenge) တွေ လုပ်ပြီး Hot ဖြစ်နေတဲ့ ခေါက်ဆွဲလေးပါ။

SAMYAM စားသောက်ကုန် ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ Hot Chicken Flavor Ramen ခေါက်ဆွဲမှာ တောင်ကိုရီးယားနိုင်ငံမှာလည်း အစပ်ကြိုက်သူတွေကြားမှာ လူကြိုက်များတဲ့ ခေါက်ဆွဲပါ။


တောင်ကိုရီးယားနိုင်ငံရဲ့ ပူပူစပ်စပ်နဲ့ အသင့်စား ခေါက်ဆွဲတွေက တောင်ကိုရီးယားနိုင်ငံမှာတင် နာမည်ကြီးရုံတင်မကဘဲ အာရှနဲ့ တခြား နိုင်ငံတော်တော်များများကိုပါ တင်ပို့ကြပါတယ်။

လူဦးရေ သန်း ၁၃၀၀ ကျော်ရှိတဲ့ တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ အသင့်စား ခေါက်ဆွဲ စားသုံးမှုအများဆုံးနိုင်ငံဖြစ်ပေမယ့် လူဦးရေ ၅၁ သန်းကျော်သာရှိတဲ့ တောင်ကိုရီးယားက ဒုတိယ စားသုံးမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။

ဒါကြောင့် တောင်ကိုရီးယားနိုင်ငံမှာဆိုရင် အသင့်စားခေါက်ဆွဲရောင်းချမှုက အစားအစာကဏ္ဍမှာ ထိပ်တန်းရောက်နေပြီး ၂၀၁၂ခုနှစ်တုန်းကဆိုရင် အမေရိကန်ဒေါ်လာ သန်း ၁၈၀၀ ကျော်လောက် ရောင်းချခဲ့ရပါတယ်။

သင်ဟာ အစပ်ကြိုက်သူဖြစ်ပါသလား။

အစပ်ကို အရူးအမူး ကြိုက်နှစ်သက်သူ ဖြစ်မှသာ SAMYAM Hot Chicken Flavor Ramen ခေါက်ဆွဲကို စားသင့်ပါတယ်။

ခေါက်ဆွဲကို လျှာပေါ်တင်လိုက်ရုံနဲ့ ပူစပ်တဲ့ အရသာကို ချက်ခြင်း ခံစားရမှာပါ။ ဒါပေမယ့် ပူပူစပ်စပ် ရှူးရှူး ရှဲရှဲ နဲ့ စားလို့ကောင်းတဲ့ ခေါက်ဆွဲလေးပါ။

စာရေးသူကတော့ ရေခဲရေခွက် ဘေးနားထားပြီး တစ်လုပ်စားလိုက်၊ ရေသောက်လိုက်နဲ့ ဗိုက်ကို ပြည့်သွားတာပါဘဲ။

အရမ်းစပ်လို့ လုံးဝစားမကောင်းတာတော့မဟုတ်ပါဘူး။ စပ်လေလေ ပိုစားချင်လေလေ အရသာမျိုးပါ။

ရှူးရှူးရှဲရှဲ နဲ့ ခပ်စပ်စပ် ခေါက်ဆွဲလေးတွေ စားချင်သူတွေအတွက် SAMYAM Hot Chicken Flavor Ramen

အဲ့ဒီ Hot Chicken Flavor Ramen ခေါက်ဆွဲရဲ့ ချက်နည်းက သာမန် ခေါက်ဆွဲပြုတ်တာနဲ့ အနည်းငယ်ကွာခြားပါတယ်။

အရင်ဆုံး ခေါက်ဆွဲကို ပြုတ်ထားပြီးတော့မှ ပန်းကန်ထဲကို ဆယ်ယူလိုက်ပါ။ ရေ ၈ ဇွန်းစာလောက် အရည်လေးကို ပန်းကန်ထဲထည့်ပြီး အနှစ်ထုပ်တွေ ဖောက်ပြီး ထည့်လိုက်ပါ။ အရည်စပ်စပ်လေးနဲ့ စားရတဲ့ ခေါက်ဆွဲပုံစံမျိုးပါ။

စိမ့်တဲ့အရသာကို စားချင်ရင် ချီစ်လေးပါ ထည့်စားလို့ရတဲ့အပြင် ခေါက်ဆွဲထဲမှာ ရေညှိသေးသေးလေးတွေပါပေမယ့် မလောက်ရင် ရေညှိလေးပါဝယ်ပြီး စားလို့ရတယ်နော်။ အဲ့ဒီအပြင် ကြက်အူချောင်း၊ ၀က်အူချောင်းလေးတွေ နဲ့ စားချင်ရင်လည်း ထည့်စားလို့ရတယ်နော်။

ခပ်စပ်စပ် ခေါက်ဆွဲလေးမှ ကြိုက်နှစ်သက်သူတွေ SAMYAM ကုမ္ပဏီက ထုတ်လုပ်တဲ့ Hot Chicken Flavor Ramen ခေါက်ဆွဲလေးကို စားချင်ရင် City Mart Supermarket နဲ့ Ocean Supercenter တို့မှာ ၀ယ်ယူနိုင်ပါတယ်။