ဒီခေါက်ဆွဲ ကြော်က ရိုးရှင်းပါတယ် ။ ဒါပေမယ့် ကာလာ အရသာကို မျှတအောင် ထည့်ကြော်ထားပါတယ် ။
ပါဝင်ပစ္စည်းများ
- ၀က်အူချောင်း အချို – ၂ ချောင်း (ပါးပါး လှီးထားပါ)
- ကြက်ဥခေါက်ဆွဲ – ၃၀၀ ဂရမ် (ပြုတ်ထားပါ)
- ငရုတ်ပွနီ – ၁ ခု အသေး (အစေ့ထုပ်ပြီး သေးသေးအတုံးလေးတုံးထားပါ)
- ငရုတ်ပွစိမ်း – ၁ ခု အသေး (အစေ့ထုပ်ပြီး သေးသေးအတုံးလေးတုံးထားပါ)
- ငရုတ်ပွဝါ – ၁ ခု အသေး (အစေ့ထုပ်ပြီး သေးသေးအတုံးလေးတုံးထားပါ)
- ကြက်သွန်မြိတ် – ၂ ပင် (ပါးပါးလေးတွေ လှီးထားပါ)
- ပဲပင်ပေါက် – ၁ ခွက်
- ကြက်သွန်ဖြူ – ၂ တက် (နုတ်နုတ်စင်းထားပါ)
- ပဲပြား – ၂၂၅ ဂရမ် (အံစာတုံးအရွယ်လေးတွေ တုံးထားပါ)
- မုန်းညှင်းထုပ် – ၂ ခု (ထိပ်လှီးပြီး အရွက်တွေတစ်ရွက်ချင်းခြွေထားပါ ။ )
- နှမ်းနက် – ၂ ဇွန်း (လက်ဖက်ဇွန်း)
- နှမ်းဆီ – ၂ ဇွန်း (လက်ဖက်ဇွန်း)
- နေကြာဆီ – ၃ ဇွန်း (စားပွဲဇွန်း)
- Hot Suki ဆော့ – ၃-၄ ဇွန်း (စားပွဲဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
- မကပ်သော အကြော်အိုးထဲ နေကြာဆီ ထည့်ပြီး ပူအောင်တည်ပါ ။ ဆီပူလျင် ပဲပြားတုံးများ ကို ရွှေရောင်သန်းတဲ့ အထိကြော်ပါ ။ လေးဘက်လုံး ရွှေရောင်သန်းလျင် ပုကန်တစ်ခုတည်း ဆယ်ထားပါ ။
- အကြော်အိုးထဲကို တို့ဟူးကြော်ထားသောဆီ နှင့် နှမ်းဆီ များကို အပူပေးပါ ။ ကြက်သွန်ဖြူ နဲ့ ၀က်အူချောင်းထည့်ပြီး ၂-၃ မိနစ်လောက်ကြော်ပါ ။
- ပြီးလျင် ငရုတ်ပွ တွေအားလုံးထည့်ပြီး ကြော်ပါ ။ အနည်းငယ်နွမ်းတဲ့အထိ ကြော်ပြီး မုန့်ညင်း ၊ ပဲပင်ပေါက် နှင့် တို့ဟူး များထည့်ပြီး ၃-၅ မိနစ်လောက် ထပ်ကြော်ပါ ။
- အကြော်အိုးထဲ ခေါက်ဆွဲထည့်ပြီး အသီးအရွက်များနှင့် နှံ့အောင်မွှေပါ ။ Hot Suki ဆော့ထည့်ပြီး အားလုံးသေချာရောပြီး အရသာများ နှံ့အောင်မွှေပေးပါ ။ ကြက်သွန်မြိတ် ရောပါ ။ အရသာမြည်းပါ ။ လိုတာထပ်ဖြည့်ပါ ။ မီးဖိုပေါ်မှချပါ ။ နှမ်းနက်ဖြူးပြီး ပူပူလေး ချက်ချင်းသုံးဆောင်ပါ ။
Credit: Syilwin Foodsgarden