တစ်ခါတလေ အသားစားရတာ ငြီးငွေ့တတ်ကြပါတယ်။ အသီးအရွက်ကို ချက်မယ်ဆိုလျှင်လည်း အရသာရှိရှိနဲ့ ချက်စားလို့ရမယ့် နည်းလမ်းတွေ တစ်ခါတလေ စဉ်းစားရ ခက်တတ်ပါတယ်။ ခက်ခဲနက်နဲစွာ စဉ်းစားမနေပါနဲ့ ကြက်ဥမွှေကြော် ကြော်နည်းအတိုင်း အသီးအရွက်များနှင့်ရောပြီး ပဲပြားသာ ကြော်စား ကြည့်လိုက်ပါ။ သက်သတ်လွတ် စားသူများ အတွက်လည်း အဆင်ပြေစေပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲပြား – ၁ တုံး
- ပဲငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အပျစ်အချို – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
- ကြက်သွန်နီ – ၁ ဥ (အခွံခွာပြီး ခပ်ကြမ်းကြမ်းလှီးထားပါ)
- ချင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- မုန့်လာဥနီ – ၁ ဥ (အခွံခွာပြီး အချောင်းလေးတွေခြစ်ထားပါ)
- ပန်းဂေါ်ဖီစိမ်း – ၁ ပွင့် (အနေတော်လေးတွေ လှီးထားပါ)
- ပဲပင်ပေါက် – ၁ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
- အသားမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (မထည့်လည်းရပါတယ်)
- ဆား – အနည်းငယ်
- နှမ်းအနက် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- နှမ်းအဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နှမ်းဆီၤ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- အသီးအရွက်ဆီ – စားပွဲဇွန်း ၁ ဇွန်းခွဲ
ပြုလုပ်နည်း
- မကပ်သောဒယ်အိုးကြီးထဲ ဆီနှစ်မျိုးလုံးထည့်ပြီး ပူအောင်တည်ပါ။ ဆီပူလာလျှင် ကြက်သွန်နီနှင့် ပဲပြား ထည့်ကြော်ပါ။ ကြက်သွန်နွမ်းပြီး အနံ့မွှေးလာလျှင် ရပါပြီ။
- မာသော အသီးအရွက် မုန်လာဥကို အရင်ထည့်ကြော်ပါ။ ပြီးလျှင် ပန်းဂေါ်ဖီစိမ်း နောက်ဆုံးမှ ပဲပင်ပေါက်ကို ထည့်ပါ။
- ကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး နှံ့အောင်မွှေပါ။ အသီးအရွက်များကို အရမ်းနူးအိ ပျော့ဖတ်နေအောင် မကြော်ပါနှင့် ဗီတာမင်ဓာတ်များ ပျောက်ကုန်ပါလိမ့်မယ်။
- အသီးအရွက်များ ကိုယ်စားချင်သော အနေအထားရောက်လျှင် မီးဖိုပေါ်မှချပြီး ပူပူလေး ထမင်း၊ ခေါက်ဆွဲတို့ဖြင့် တွဲဖက်သုံး ဆောင်လို့ရပါတယ်။
မှတ်ချက် – အသားမှုန့်ကို သက်သတ်လွတ်သမားများ စားမည်ဆိုလျှင် မထည့်ပါနှင့်။