တစ်ခါတလေ အသားစားရတာ ငြီးငွေ့တတ်ကြပါတယ်။ အသီးအရွက်ကို ချက်မယ်ဆိုလျှင်လည်း အရသာရှိရှိနဲ့ ချက်စားလို့ရမယ့် နည်းလမ်းတွေ တစ်ခါတလေ စဉ်းစားရ ခက်တတ်ပါတယ်။ ခက်ခဲနက်နဲစွာ စဉ်းစားမနေပါနဲ့ ကြက်ဥမွှေကြော် ကြော်နည်းအတိုင်း အသီးအရွက်များနှင့်ရောပြီး ပဲပြားသာ ကြော်စား ကြည့်လိုက်ပါ။ သက်သတ်လွတ် စားသူများ အတွက်လည်း အဆင်ပြေစေပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား – ၁ တုံး
  • ပဲငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အပျစ်အချို – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
  • ကြက်သွန်နီ – ၁ ဥ (အခွံခွာပြီး ခပ်ကြမ်းကြမ်းလှီးထားပါ)
  • ချင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မုန့်လာဥနီ – ၁ ဥ (အခွံခွာပြီး အချောင်းလေးတွေခြစ်ထားပါ)
  • ပန်းဂေါ်ဖီစိမ်း – ၁ ပွင့် (အနေတော်လေးတွေ လှီးထားပါ)
  • ပဲပင်ပေါက် – ၁ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
  • အသားမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (မထည့်လည်းရပါတယ်)
  • ဆား – အနည်းငယ်
  • နှမ်းအနက် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းအဖြူ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီၤ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • အသီးအရွက်ဆီ – စားပွဲဇွန်း ၁ ဇွန်းခွဲ

ပြုလုပ်နည်း

  1. မကပ်သောဒယ်အိုးကြီးထဲ ဆီနှစ်မျိုးလုံးထည့်ပြီး ပူအောင်တည်ပါ။ ဆီပူလာလျှင် ကြက်သွန်နီနှင့် ပဲပြား ထည့်ကြော်ပါ။ ကြက်သွန်နွမ်းပြီး အနံ့မွှေးလာလျှင် ရပါပြီ။
  2. မာသော အသီးအရွက် မုန်လာဥကို အရင်ထည့်ကြော်ပါ။ ပြီးလျှင် ပန်းဂေါ်ဖီစိမ်း နောက်ဆုံးမှ ပဲပင်ပေါက်ကို ထည့်ပါ။
  3. ကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး နှံ့အောင်မွှေပါ။ အသီးအရွက်များကို အရမ်းနူးအိ ပျော့ဖတ်နေအောင် မကြော်ပါနှင့် ဗီတာမင်ဓာတ်များ ပျောက်ကုန်ပါလိမ့်မယ်။
  4. အသီးအရွက်များ ကိုယ်စားချင်သော အနေအထားရောက်လျှင် မီးဖိုပေါ်မှချပြီး ပူပူလေး ထမင်း၊ ခေါက်ဆွဲတို့ဖြင့် တွဲဖက်သုံး ဆောင်လို့ရပါတယ်။

မှတ်ချက် – အသားမှုန့်ကို သက်သတ်လွတ်သမားများ စားမည်ဆိုလျှင် မထည့်ပါနှင့်။