ရွှေဖယုံသီး ဟာကျန်းမာရေးအတွက် အင်မတန်ထောက်အကူပြုသော အသီးအနှံပါ ။ ရွှေဖယုံသီး ကို အခွံနဲ့ စားလျှင် ပိုဆေးဘက်ဝင်သောကြောင့် အခွံပါ အကုန် စားလို့ ရအောင် တစ်လုံး လုံးကို အစာသွပ်ပြီး ပေါင်းတဲ့ နည်းလေးကို ပြန်ရှယ်လိုက်ပါတယ် ။
ပါဝင်ပစ္စည်း
- ဖယုံသီးအလုံး – ၁ လုံး (အပေါ်ခွံလေးကို ကွင်းလှီးပြီး အထဲက အနှစ်များထုပ်ပြီးရေဆေးထားပါ)
- ဂဏန်း – ၃ ကောင် (ထက်ခြမ်းခြမ်းထားပါ)
- ပုဇွန်ကြီး – ၁၀ ကျပ်သား (အခွံချွတ်ထားပါ)
- ပဲကတီပါ – ခွက် တစ် ဝက် (ပြုတ်ပြီးသား)
- ပင်စိမ်း – ၃ ပင် ( ခတ်ကြမ်းကြမ်းလေး အရိုးပါဖြတ်ထားပါ)
- အုပ်စု(က)
- ခရမ်းချဉ်သီး – ၃ လုံး (အစေ့ထုပ်ပြီး အတုံးလေးတွေလှီးထားပါ)
- ကြက်သားမှုန့် – ၄ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ကြက်သွန်နီ – ၂ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ – ၂ မွှာလောက် (ထောင်းထားပါ)
- ဆီ – ၁ ဇွန်း (ထမင်းစားဇွန်း)
- စပျစ်ဝိုင် – ၁ ဇွန်း (ထမင်းစားဇွန်း)
- ထောပတ် – ၂ ဇွန်း (ထမင်းစားဇွန်း)
ပြုလုပ်နည်း
- ဖယုံသီးကို အလုံးလိုက် ရေစဉ်အောင် ဆေးပါ။ ပြီးလျှင် အညှာထိပ်နားလေးကနေ အဝိုင်းလေး လှီးပါ။ ပြီးလျှင် အထဲမှ အနှစ်များကို ဇွန်းလေးဖြင့် ခြစ်ထုပ်ပါ။ ခြစ်ပြီး ပြောင်သွားလျှင် ရေဆေးပါ။ ကြက်သားမှုန့်ဖြင့် ဖယုံသီးရဲ့ အတွင်းပိုင်း လေးတွေကို့နှံအောင် ပွတ်ပေးပါ။
- ဒယ်အိုး ပူလာလျှင် အုပ်စု (က) မှ ဝိုင်ကလွဲလို့ ပစ္စည်းအားလုံး ထည့်တည်ပါ။ ကြက်သွန်ဖြူ-နီ၊ ခရမ်းချဉ်သီး နွမ်းလာလျှင် ဝိုင်ထည့်ပါ။ အငွေ့များ တက်သွား ပါလိမ့်မယ်။ အဲဒီအခါကြရင် ပဲကတီပါ၊ ဂဏန်း နဲ့ ပုဇွန်ကို ထည့်ပြီး ရေအနည်းငယ် ဖြင့် တည်ပါ။ ဂဏန်း၊ ပုဇွန် အရောင်ပြောင်းလာလျှင် ဆားမြည်းပါ လိုတာ ထပ်ဖြည့်ပြီး ပင်စိမ်း အုပ်ပါ။ ပြီးလျှင် မီးဖို ပေါ်မှ ချထားပါ။
- ပေါင်းအိုးကို ရေဆူအောင် တည်ထားပါ။ ပြီးလျှင် ဖယုံသီးထဲ သို့ ဂဏန်းချက်ကို သိပ်၍ အစာသွပ်ပါ။
- အစာသွပ်ပြီးသား ဖယုံသီးလေးများကို အပေါ်ထိပ်အုပ်လေး ပြန်အုပ်ပြီး foil ဖြင့် အလုံပတ်ပါ။ ပြီးလျှင် မိနစ် ၁၅ မိနစ် လောက် ပေါင်းပါ။ (ဖယုံသီး အရွယ်ပေါ် မူတည်ပြီး ဖုတ်တဲ့ အချိန် ပိုသွားပါတယ်။ ၂၀ -၃၅ မိနစ်လောက်ပါ။)
- ဖယုံသီး နုးမနုးကို စမ်းချင်ရင်တော့ foil ကို အသာဖယ်ပြီး ဖယုံသီးလေး ကို ဓားချွန်လေးဖြင့် အသာလေး ထိုးကြည့်ပါ ။ဓားသွား အသာလေး ချောမွေ့ စွာ ထိုးလို့ ရရင်တော့ ရပါပြီ။ အရမ်းကြီး နူးအိအောင် မပေါင်းပါနဲ့ ။ လိုသလောက် လေးတွေ လှီးပြီး စားသုံးလို့ ရပါပြီ။ အေးချမ်းသော ဒီဇင်ဘာလမှာ ဖယုံသီး ပင်လယ်စာ အစာသွပ်ပူပူလေး စားပြီး နွေးထွေးမှု ဓာတ်ကို ရယူနိုင်ပါတယ် ။