ရှမ်းပြည်မှာ ဒီလို အချိန်တွင် အရမ်းပေါတဲ့ လတ်လတ်ဆတ်ဆတ် ခဝဲရွက်ဟင်း ကို ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ထောင်း သံပုရာသီး ညှစ်ပြီး စားကြည့်ပါ ။ ကောင်း မှ ကောင်းပေါ့။
ပါဝင်ပစ္စည်းများ
- ခဝဲရွက် (ခြွေထားပါ)
- ခဝဲသီး နုနု (အခြမ်း မထူမပါး လှီးထားပါ)
- ပဲပုပ် ၂ ချပ် (မီးကင်ရျ် အမှုန့်ဖြစ်အောင် ထောင်းထားပါ)
- သံပုရာသီး
- ကြက်သွန်ဖြူ ၃/၄ မွှာ (ထောင်းထားပါ)
- ငရုတ်သီးစိမ်း အနည်းငယ်
- ပင်စိမ်းရွက် အနည်းငယ်
- ဆီ အနည်းငယ်
- ဟင်းချိုမှုန့် အနည်းငယ်
ပြုလုပ်နည်း
- အိုးထဲတွင် ရေ၊ ဆား၊ ဟင်းချိုမှုန့်၊ ပဲပုပ် ၂ချပ်ကို မီးကင်ထောင်းမှုန်၊့ ဆီနဲနဲ၊ ခရမ်းချဉ်သီးမှည့် အရင် တည်ပါ။
- ဟင်းရည်အိုး တော်တော် ဆူပွက် လာပြီး စားခါနီးတွင် လှီးချွတ်ထားသော ခဝဲရွက်၊ ခဝဲသီး နုနု၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ထောင်း ထည့်ရင် ရပါပြီ။
- အပေါ့အငံ မြည်းရျ် ခဝဲရွက် ကြော်ချက်ပေါ်မှ ပင်စိမ်းရွက်အုပ်၊ သံပုရာသီးညစ်ှပြီး သုံးဆောင်နိုင်ပါသည်။
Credit: Phyu Phyuhnin