ပါဝင်ပစ္စည်းများ
- ကြက်သား
- ရှမ်းခေါက်ဆွဲအဖတ် ဆန်ဖွယ်
- ပဲပုတ်အနှစ်
- ကြက်သွန်ဖြူ
- ဆီတို့ဖူး
- ထန်းညက်ရေ
- မြေပဲထောင်း
- နှမ်းထောင်း
- ကြက်သွန်မိတ်
- ရှာကော်ပါကော်
- ရွှေပဲရွက်
- ဆီ
- ဝက်ခေါက်ကျော်
- တို့ဖူးကျော်
- မုန်ညှင်းချဉ်
ပြုလုပ်နည်း
ရှမ်းခေါက်ဆွဲအဖတ် ဆန်ဖွယ်ကို ရေစိမ်ထားပါ။ ဆန်စီးဖတ်ဆိုမစိမ်ပါ။ ကြက်သားအတုံးလေးတွေကို ရှမ်းခေါက်ဆွဲ လုပ်စားတဲ့ ပဲပုတ်အနှစ်နဲ့ ချက်ပါ။
တစ်ချို့က ဆီတို့ဖူးချက်ထားပါတယ်။ ကြက်သွန်ဖြူကို ဆီသတ်ပါ။ ထန်းညက်ရေကို ပစ်ပစ်လေး ကျိုထားပါ။ မြေပဲထောင်း၊ နှမ်းထောင်းထားပါ။
ကြက်သွန်မိတ်ကို လှီးထားပါ။ ရှာကော်ပါကော် ဆီမွှေးလုပ်ထားပါ။ ရွှေပဲရွက်ရှိရင် ပြုတ်ထည့်ပါ။ ရေစိမ်ထားတဲ့ ခေါက်ဆွဲကို ပြုတ်ထားပါ။
ပုဂံတည်း မထည့်ခင် ရှာကော်ပါကော်ဆီ၊ ဆားလေး ထည့်ထားပြီးမှ မွှေပေးပြီး လိုအပ်သလို ပြင်ဆင်စားနိင်ပါပြီ။
ဝက်သား စားသူများ ဝက်ခေါက်ကျော်၊ တို့ဖူးကျော်၊ မုန်ညှင်းချဉ်၊ ကြက်ရိုးဟင်းချိုတို့နဲ့ တွဲဖက်စားနိင်ပါတယ်။
စားကောင်းကြပါစေရှင်။
Credit : Moe Nge Nge