ပါဝင်ပစ္စည်းများ
- ပိန်းနဲသီး ၁ ကွင်း (ပြုတ်ထားပါ ။)
- ခရမ်းချဉ်သီး ၃ လုံး (၄စိတ်စပ်ထားပါ ။)
- ကင်မွန်းချဉ်ဖူး လက်တဆုပ်စာ
- ဆူးပုတ် လက်တဆုပ်စာ
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ငရုတ်သီးစိမ်း အပွ ၃ တောင့် ( နှစ်ခြမ်းခွဲရျ် ဓါးပြား ရိုက်ထားပါ ။
- ပင်စိမ်းရွက်
- ပဲပုတ်ပြား ၁ ခြပ် (ကင်ရျ် ထောင်းထားပါ )
- ဆား အနည်းငယ်
- ရေ ၂ လီတာ
ပြုလုပ်နည်း
- အိုးထဲတွင် ရေ ၂ လီတာခန့် ထည့်ရျ် လှီးထားသော ပိန်းနဲသီး ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ နှင့် ငရုတ်သီးစိမ်း တို့ထည့်ရျ် မီးအေးအေးဖြင့် ဆူအောင် တည်ပါ ။
- ရေ ဆူလာလျ ကင်မွန်းချဉ်ဖူး နှင့် ဆူးပုတ် ကိုခပ်ပါ ။
- အရွက်များ အနည်းငယ် နွမ်းသွားလျင် ကင်ရျ် ထောင်းထားသော ပဲပုတ်အမှုန့် မွှေးမွှေးလေးကို ဖြူးပါ ။
- ဟင်းအည် ပွက်လာလျင် ဆား အနည်းငယ် ထည့်ရျ် ပင်စိမ်းရွက် အုပ်ပြီး ၊ အရသာ အပေါ့အငံမြည်းရျ် သုံးဆောင်နိုင်ပါပြီ ။
- အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
MyFood Myanmar