ပါဝင်ပစ္စည်းများ
- ဆရိုးတုံး
- ပဲပုပ် (မီးကင်ပြီး ထောင်းထားပါ )
- ပဲသီး
- ပဲစိတ်တို
- ခရမ်းသီး
- ခရမ်းချဉ်သီး
- ဖော့ဖူး
- ဆား
- ဟင်းချိုမှုန့်
- ဆန္နင်း
- ရှမ်းနံနံ
- နံနံပင်
- ဆီ
ပြုလုပ်နည်း
- ဆရိုးတုံးသည် နွယ်ပင် တမျိုးဖြစ်ပြီး ပူစပ်သည့် အရသာ ရှိသည့် အတွက် အေးတဲ့ ရာသီမှာ စားကြပါတယ် ။ ဆရိုးတုံးပုံက ပဲပုပ်ပြားနားမှာ ရှိပါသည် ။
- အရင်ဆုံး ဆရိုးတုံး ၊ ပဲသီး ၊ ခရမ်းသီး ၊ ခရမ်းချဉ်သီး ၊ ဖော့ဖူး ဆား ၊ ဟင်းချိုမှုန့် ၊ ဆနွင်းမှုန့် ၊ ဆီ နဲနဲ နှင့် လုံးတည်ပါ ။
- ခဏကြာလျင် ရေများများ ထည့်၍ တည်ပါ။ တည်ပြီး ၁နာရီကျော် ကြာလျင် လိုအပ်သည့် အချို အပေါ့ အငန် ထည့်နိူင်ပါတယ် ။
- ပဲစိတ်တိုကို နောက်မှ ထည့်ပါ။
- ဟင်းရည် ပန်းကန်ထဲခူးမှာ ရှမ်းနံနံ ၊ နံနံပင် နှင့် ပဲပုပ်အမှုန့် အပေါ် မှ ဖြူးးပြီး သုံးဆောင်နိူင်ပါတယ်။
Credit: Phyu Phyuhnin