မိမိ၏ ခြံထဲတွင် ရှိသည့် မည်သည့် ဟင်းရွက် မဆို ၊ စားရျ်ရသည့် ့အသီးအရွက်များနှင့် ချက်ရျ် ရသည့် ဟင်းတခွက်ဖြစ်ပါသည်။ စားကာနီးမှ ဟင်းသီးဟင်းရွက်များကို ခူးတော့ လတ်ဆပ်မှုရှိရျ် ပိုပြီးလည်း အရသာရှိပါတယ် ။ လွယ်ကူ မြန်ဆန်စွာ ချက်ရတဲ့ ဟင်းတခွက်လည်း ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခြံထွက် ဟင်းရွက်စုံ (ခြွေထားပါ)
- ပဲပုပ် – ၁ချပ် (မီးကင်ထောင်းထားပါ)
- ခရမ်းချဉ်သီး – ၁ လုံး (ပါးပါးလှီးထားပါ)
- ဆီ – အနည်းငယ်
- ဆား – အနည်းငယ်
- အချိုမှုန့် – အနည်းငယ်
ပြုလုပ်နည်း
- ခြွေထားသော ခြံထွက် ဟင်းရွက်စုံကို သန့်စင်အောင် ရေဆေးပြီး စစ်ထားပါ ။ အိုးထဲတွင် ဆီ ၊ ခရမ်းချဉ်သီး ၊ ပဲပုတ် ၊ ဆား ၊ အချိုမှုန့် တို့ကို ထည့်လုံးပါ ။
- ပြီးလျင် ရေနွေး အနည်းငယ် ထည့်ရျ် အဖုံးအုပ် ထားပါ ။
- ရေတပွက် နှစ်ပွက် ဆူလျင် ခြံထွက် ဟင်းရွက်စုံကို ထည့်ပါ ။
- ဟင်းရွက်စုံများ နူးတာနှင့် ဖိုပေါ်မှ ချရျ် ပူပူလေးစားပါ ။
- အရသာ အပေါ့အငံမြည်းရျ် သုံးဆောင်နိုင်ပါပြီ ။
Credit: Phyu Phyuhnin