ပါဝင်ပစ္စည်းများ

ပုဇွန်ဘော့ချိတ်

ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ဂျင်း၊ ငြုတ်စိမ်းမူန့်၊ သကြား

ကြက်သားမူန့်၊ ငြုတ်ကောင်းမူန့်

ကြက်ဥတလုံး၊ ပုဇွန်ထောင်း

ယိုးဒယားမယ် အကြော်မူန့် တထုပ်၊ ရေ၊ ဆီ

ပြုလုပ်နည်း

ခုလုပ်ထားတာ ပုဇွန် ဘော့ချိတ်လေးတွေကို အခွံအကုန်ချွတ်ပြီး ဆားနယ်ပြီး မညက်တညက် ထောင်းထားတာပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငြုတ်စိမ်းမူန့် ညက်ညက်ထောင်းကို ဆား၊ သကြား၊ ကြက်သားမူန့့်၊ ငြုတ်ကောင်းမူန့်၊ ကြက်ဥတလုံး၊ ပုဇွန်ထောင်း နှင့် ယိုးဒယားမယ် အကြော်မူန့် တထုပ်ကို ရေနဲနဲနဲ့ သမအောင် အားလုံးရောနယ်ပါ။

ဒယ်အိုးထဲတွင် ဆီများများထည့်ပြီး ဆီပူရင် မီးအေးအေးနဲ့ ပုဇွန်နယ် ထားတာတွေကို ဇွန်းလေးနဲ့ ခတ်ခတ်ပြီး ဆီပူထဲ ထည့်ကြော်ပြီး အညိုရောင် သန်းရင် ဆယ်လို့ ရပါပြီ။

အတွင်းထဲပါ ကျက်အောင် မီးအေးအေးနဲ့ ကြော်ပါ။ မီးပြင်းရင် အပြင်ဘက်ကျက်ပြီး၊ အတွင်းမကျက်ဘဲ နေပါမယ်။ ပင်လယ်ပုဇွန်ခေါင်းဖြုတ်တွေရရင် ကြော်စားရင် ပိုစားကောင်းပါတယ်။ အချဉ်ရည်နဲ့ သီးရွက်လေးတွေနဲ့ တွဲစားရျ် ကောင်းပါတယ်။

Credit: Ohnmar Kyi