တစ်ခါတစ်လေ အခြောက်အခြမ်းလေးကိုပြောင်းပြီး စားကြည့်ချင်စိတ်မဖြစ်ကြဘူးလား။ ဒီလိုအခါမှာ ဈေးထဲမှာတွေ့ရတတ်တဲ့ ငါးဖောင်ရိုးလေးတွေကို စပ်စပ်လေးကြော်စားကြည့်ကြမယ်။
ပါဝင်ပစ္စည်း
- ငါးဖောင်ရိုး ၂၅သား
- ခရမ်းချဉ်သီး ၁၀သား
- ကြက်သွန်ဖြူ ၁ဥ
- ကြက်သွန်နီ ၂ဥ
- ငရုပ်သီးကြမ်းမှုန့် အနည်းငယ်
- ငံပြာရည် အနည်းငယ်
- ဆီ ၅ကျပ်သားခန့်
- ဆား အနည်းငယ်
- နံနံပင်
ပြုလုပ်နည်း
ငါးဖောင်ရိုးတွေကို သန့်စင်ပြီး သေးသေးညှပ်ပါ။
ငါးဖောင်ရိုး အကြွပ်ကြော်ပြီး ဆယ်ထားပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငံပြာရည် အနဲငယ် ထည့်ရ်ျ ဆီသက်ပါ။
ဆီပြန်တော့ ငရုပ်သီးကြမ်းမှုန့်ထည့် ကြော်ပါ။
အချိုအငံ ထည့်ပြီး ကြော်ထားတဲ့ ငါးဖောင်ရိုး တွေထည့်ပြီးကြော်ပါ။
ခဏမွှေပြီး သုးံဆောင် နိုင်ပါသည်။
Credit: Daw Suu Suu