ပါဝင်ပစ္စည်းများ
- ငါးရံ အရွယ်တော် – ၁ ကောင်
- ရေကျို ငပိ
- ငရုပ်သီးစိမ်း
- ဆီ – ၂ ဟင်းစားဇွန်း
- ကြက်သွန်ဖြူ – အနည်းငယ်
- စပါးလင် နုတဲ့အပိုင်း – ၁ခု
- နနွင်း
- ငပိရည်
ပြင်ဆင်ပြုလုပ်နည်း
- ငါးရံ အရွယ်တော် ၁ ကောင်(ကြေးထိုး သန့်စင်ပြီး စပါးလင် အနည်းငယ်၊ နနွင်း၊ ဆားအနည်းငယ်ဖြင့် ရေခမ်းလေးပြုတ်ကာ အရိုးများနွှင်ထားပါ။)
- ရေကျို ငပိ ၃ ဟင်းစားဇွန်း (ကျိုပြီးအရိုးများစစ်ထားပါ) ငရုပ်သီးစိမ်း အစပ်စားနိုင်သလောက် (ထောင်းထားပါ။) ကြက်သွန်ဖြူ အနည်းငယ် စပါးလင် နုတဲ့အပိုင်း ၁ခု (ထောင်းထားပါ)
- ကြက်သွန်ဖြူ နှင့် စပါးလင်ထောင်းများကို မွှေးလာအောင် ဆီသက်ပြီး နနွင်းထည့် ၊ ငါးရံ့ အသားနွှင် ထားသည်များ ထည့်ထောင်း ထားသော ငရုပ်သီးများ ထည့်၊ ငပိရည်ထည့် (ငံတာကြိုက်လျှငိ ပိုထည့်ပါ။)
- စိတ်ကြိုက် အနေရလျှင် ထမင်းအရမ်းမြိန်လှတဲ့ ငါးရံ့ ငရုပ်သီးစိမ်း ငပိရည်ချက်လေး တစ်ခွက်ကို နှစ်သက်ရာ တို့စရာလေးများဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ။
Credit: Soe’s Cooking Collection