အသားတွေဝါးရတာ ညောင်းနေပြီလား။ ဒါဆိုရင်တော့ သဘာဝအတိုင်း ချိုမြိန်တဲ့ ငါးကိုအသုံးပြုပြီး ဟင်းလေးချက်စားလိုက်ကြရအောင်နော်။ ငါးအပြင်ကိုမှ ပုံမှန်စားနေကြမဟုတ်တဲ့ ကြက်ပေါင်သီးကိုပါ ထည့်ချက်ထားလို့ အရသာက တမူကို ထူးခြားနေမှာပါ။ ကဲ…ဒါဆိုရင်တော့ အခုပဲ ချက်နည်းလေးကို ကြည့်လိုက်ကြရအောင်လား။

ပါဝင်ပစ္စည်းများ

ငါးကြင်းအလယ်ပိုင်း – ၁၅ကျပ်သား

ကြက်ပေါင်သီး – ၂စီး

ငရုတ်သီးအစိမ်းမှုန့် – ထမင်းစားဇွန်း ၂ဇွန်း

ကြက်သွန်နီအနေတော် – ၂လုံး

ကြက်သွန်ဖြူ – ၅မွှာ

ငရုတ်သီးနီအရှည်တောင့် – ၂တောင့်

မဆလာ – ထမင်းစားဇွန်း ၁ဇွန်း

နနွင်းမှုန့် – ဇွန်းသေး ၁ဇွန်း

ငါးငံပြာရည် – ထမင်းစားဇွန်း ၁ဇွန်း

ဆီ – ထမင်းစားဇွန်း ၃ဇွန်း

ဂျင်း- ၁လက်မအရွယ် ၁ခု

စပါးလင်အနု – ၁ချောင်း

နံနံပင် – ၅ပင်

ဆား – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

ငါးကြင်းကို ရေဆေးပြီး အနေတော် အတုံး တုံးပါ။ ဆား၊ နနွင်းမှုန့်၊ ငါးငံပြာရည် တို့ဖြင့် နယ်ပါ။

ကြက်သွန်ဖြူ၊နီ၊ ချင်း၊ စပါးလင်အနု၊ ငရုတ်သီးအစိမ်းမှုန့်တို့ကို ညက်အောင် ထောင်းပါ။ စပါးလင် အရင့်တွေကို ထုပြီးထုံးပါ။

အိုးထဲကို ဆီအနည်းငယ် ထည့်ပြီး ဆူလာလျှင် စပါးလင်ထည့်ပါ။ ကြက်သွန်ထောင်းကို ဆက်ထည့်ပါ။

ငါးတွေ ထည့်ပြီးလုံးပါ။ အသာမွှေပါ။ ကြက်ပေါင်သီး အလယ်အူတွေကို ဖယ်၊ အစေးတွေကို ကုန်အောင်ဆေးပြီး ထက်ခြမ်း ခြမ်းထည့်ပါ။

ငရုတ်သီးစိမ်း၊ မဆလာထည့်ပါ။ ဟင်းရည်အတွက် ရေနွေး လိုသလောက် ထည့်ပါ။ အရသာ အပေါ့အငန် ပြင်ပြီး နံနံပင် ထည့်ပါ။

အရည်သောက်ရော ဆမ်းစားလို့ရတဲ့ ငါးကြင်း ကြက်ပေါင်သီးရေချို ဟင်းလေး ရပါပြီ။

Credit: KaeKae’s FoodPalace