ကင်ပွန်းချဉ်ရွက်ဆိုရင် ချဉ်ရည်ဟင်းပဲသောက်စားကြတာများပါတယ်။ ဒီလိုကင်ပွန်းချဉ်ရွက်ကို ကြော်လည်းမကြော်ဘဲ ထောင်းစားကြည့်မယ်။ ခံတွင်းလိုက်စေဖို့ ငရုတ်သီးလေးပါ ထည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ – ၁လုံးနှင့် ကြက်သွန်ဖြူ – ၃ တက်
- ကင်ပွန်းချဉ် – ၁ စည်း
- ငရုတ်ခြောက်တောင့် – ၅ တောင့်
- ဆား – အနည်းငယ်နှင့် ပာင်းခတ်မှုန့် – အနည်းငယ်
- ပဲဆီသန့်သန့် – ၂ ဇွန်း( ထမင်းစားဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
၁။ ကင်ပွန်းချဉ်တွေကို နုတဲ့အပိုင်းတွေခြွေယူပြီး ရေဆေး ၊ စစ်ထားကာ ဆူနေတဲ့ရေနွေးမှာ ၃ မိနစ်ခန့် ပြုတ်ပြီး အချဉ်ရည်တွေကို စစ်ထုတ်လိုက်ပါ ။
၂။ ငရုတ်ခြောက်တောင့်နှင့်ကြက်သွန်ဖြူကို ဦးစွာ ညှက်အောင်ထောင်းပါ ။
၃။ ဆားနှင့်ပာင်းခတ်မှုန့်ကိုလည်း ထည့်ပြီးထောင်းပါ ။
၎။ ကြက်သွန်နီတွေကို ခပ်ကြမ်းကြမ်းလှီးထည့်ပြီး ငရုတ်ကျည်ပွေ့ ဖြင့် ပွတ်ချေပေးပါ ။
၅။ နောက်ဆုံးပြုတ်ထားတဲ့ ကင်ပွန်းချဉ်ရွက်တွေကိုထည့်ပြီး သမသွားအောင် ထပ်မံပွတ်ချေပေးပါ ။
၆။ ဆီစိမ်းသန့်သန့်လေးလောင်းပြီး ပဲပာင်းရည် ၊ ပာင်းချိုရည်တို့ နှင့်တွဲဖက်သုံးဆောင်ပါ ။
Credit: ဟင်းချက်နည်းများ