ဒီခေါက်ဆွဲကြော်ပုံမျိုးကို ထိုင်းနိုင်ငံ စားသောက်ဆိုင်တွေမှာ အများဆုံးတွေ့ရပါတယ်။ သူတို့ရိုးရာနဲ့ အနောက်တိုင်းပုံစံကို Mixed Creation လုပ်ကြတဲ့ သဘောပါ။ အနောက်နိုင်ငံများက ထိုင်းနိုင်ငံမှာ စားဖိုမှုးလာလုပ်ကြတဲ့အခါ ဒီလိုဟင်းပွဲတွေကို အများဆုံး ဆန်းသစ်ကြတယ်လို့ ထိုင်းနိုင်ငံထုတ် အစားအသောက် မဂ္ဂဇင်းတစ်စောင်မှာ မှတ်သားရဖူးပါတယ်။
ပါဝင်ပစ္စည်းများ<
- စပါဂတီ ခေါက်ဆွဲ – ၂၀၀ ဂရမ်
- ပုစွန်အသေး – ၅ ကောင်ခန့်
- ကြက်ဥ – ၁ လုံး
- ကြက်သွန်ဖြူ – ၂ တက်
- ငရုတ်သီးစိမ်း အနီ – ၅ တောင့်ခန့်
- ထိုင်းပင်စိမ်းရွက် – ၁၀ ရွက်ခန့်
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
ပြုလုပ်နည်း
- စပါဂတီ ခေါက်ဆွဲကို ပြုတ်ပြီး ရေစစ် ၊ ရေအေးလောင်းပြီး အအေးခံထားပါ။ ကြက်သွန်ဖြူ နှင့်ငရုတ်သီးနီ ကိုညှက်နေအောင် ထောင်းပါ ။
- ပုစွန်ကို အမြီး ချန်ပြီး အခွံခွာထားပါ ။ ပင်စိမ်းရွက် တွေကို အရွက်ခြွေထားပါ။ ဒယ်အိုး တစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူ နှင့်ငရုတ်သီး အရောကို ဆီသတ်ပါ ။
- အခွံ ခွာထားတဲ့ ပုစွန်တွေ ထည့်ကြော်ပါ ။ အနည်းငယ် ကျက်သွားတာနဲ့ ကြက်ဥ ၁ လုံး ဖောက်ထည့်ပြီး မွှေပေးပါ။ ရေစစ်ထားတဲ့ စပါဂတီ ခေါက်ဆွဲ ထည့်ကြော်ပါ ။
- ငါး ငံပြာရည် (သို့) ပဲငံပြာရည် ၊ သကြား ၊ ခရုဆီ ၊ ကြက်သားမှုန့် အနည်းငယ် တို့ဖြင့် အရသာသွင်းပါ။
- ပင်စိမ်း ရွက်တွေ ထည့်မွှေပါ ။ ငရုတ်ကောင်းမှုန့် လေးဖြူးပေးပါ။
Credit: ဟင်းချက်နည်းများ