ပါဝင်ပစ္စည်းများ
- ငါးခူ၊ မန်ကျည်းသီးမှည့်
- ဆား၊ နနွင်း
- ကြက်သွန်ဖြူ၊ ဂျင်း
- ငရုပ်သီးစိမ်း၊ ဘိတ်ငပိ
- ဆီ၊ နံနံပင်
ပြင်ဆင်ပြုလုပ်နည်း
ငါးခူးကို တစ်ကောင်းနှစ်ပိုင်းစီ ပိုင်းပြီး မန်ကျည်းသီးမှည့်နှင့်နယ်ဆေးပါ။ (အညှီနံ ပျောက်စေရန်)
ငါးကို ဆား၊ နနွင်း နယ်ထားပါ။ ကြက်သွန်ဖြူ၊ ဂျင်း နှင့် ငရုပ်သီးစိမ်းကြိတ်ထားပါ။ ဘိတ်ငပိကိုလည်း အရေဖျော်ထားပါ။
ပီးနောက် ဒယ်အိုးကို မီးပေါ်တင်ကာ ဆီပူလာသည်နှင့် ကြိတ်ထားသော ကြက်သွန်ဖြူ၊ ဂျင်းတို့ထည့်ကာ အရောင်နွမ်းလာသည်နှင့် ငါးခူးထည့် ဆီဖျစ်ဖျစ် မြည်တာနဲ့ အိုးကို လှုပ်ပေးပါ။
ငါးလဲမကပ် ကြိတ်ထားတာလဲ မတူးရအောင် ငါးအရောင် ပြောင်းတာနဲ့ ရေအနည်းငယ်ထည့်၊ ဆားထည့်ပါ။ ပွက်လာရင် ငပိရေဖျော်ထည့်ပါ။
ဆူလာရင် အရသာမြည်းပြီး မန်ကျည်းရေဖျော်ထည့်ပါ။ အရသာအနေတော်ဖြစ်ပါက နံနံပင်အုပ်ပြီးချ၍ သုံးဆောင်နိုင်ပါသည်။
Credit: Htay Htaythan