ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါးအကြီး – ၁ ကောင်
  • ကြက်သွန်ဖြူ – ၂ မွှာ
  • ဂျင်း – လက်တစ်ဆစ်ခန့်
  • ငရုပ်အစပ်အနှစ် – ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • ပြားရည် – ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • Honey Mustard Sauce – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ငံပြာရည် (Soy Sauce) – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်မြိတ် – (အနည်းငယ်)

ပြင်ဆင်ပြုလုပ်နည်း

ပထမဆုံး ပြည်ကြီးငါး အကောင်လိုက်ကို ဝပ်းဗိုက်ထဲမှ အစာအိမ်နှင့် အညစ်အကြေးများ တစ်ပါထဲ ပါလာစေရန် ခေါင်းကနေ အသာဆွဲထုတ်ပါ။ ခန္ဓာကိုယ် ဗိုက်ထဲသို့ ဇွန်းဖြင့် အသာခြစ်ပြီး သန့်ရှင်းရေးပြုလုပ်ကာ ဆား အနည်းငယ်ဖြင့် ဖျော်ထားသောရေဖြင့် စိမ်ထားပါ။ ခေါင်းဖြင့်အတူပါသွားသော အစာအိမ်ကို လွှင့်ပြစ်၍ ခေါင်းမှ မျက်စိနှစ်လုံးနှင့် ပါးစပ်အလုံး တစ်လုံးတို့အား ဖယ်ထုတ်ကာ ဆားရေဖြင့်ေ ပြောင်အောင်ဆေးပါ။ ပြီးနောက် ရေဖြင့်ထပ်ဆေး၍ ဇကာဖြင့် ရေစစ်ထားပါ။ ထို့နောက် ပြည်ကြီးငါးကို လှအောင် ပုံဖော်ပြီး လှီးပါ။

ပြည်ကြီးငါးကို ပုံဖော်ပြီး လှီးရာတွင် ပုံတွင် ပြထားသည့် အတိုင်း ပြည်ကြီးငါးကိုယ်ထည်၏ တစ်ဖက်တစ်ချက်ဆီတွင် ဝါးတူတစ်ချောင်းဆီထားပြီး ဓားဖြင့် သင့်တော်သော အကွာအဝေးအတိုင်း လှီးပါ။ ဝါးတူခံထားခြင်းမှာ ပြည်ကြီးငါး ၏ အောက်ဘက် ကိုယ်ထည်အား ပြတ်ထွက်မသွားစေရန် ဖြစ်ပါသည်။ အပေါ်ပိုင်းကိုသာ အလှလှီးခြင်း ဖြစ်ပါသည်။

ထို့နောက် ဆော့ပြု လုပ်ရန်အတွက် ပန်ကန်လုံး တစ်ခုထဲတွင် ပါဝင် ပစ္စည်းများ ဖြစ်ကြသည့် (ငရုပ်အစပ်နှစ်၊ ပျားရည်၊ Honey Mustard Sauce၊ ငံပြာရည်) တို့ကို ပါဝင် အချိုးအစားအတိုင်း ထည့်ပါ။ ကြက်သွန်ဖြူ နှင့် ဂျင်းကို နုပ်နုပ် စဉ်းကာ ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး ဆော့ပြုလုပ်ထားပါ။

အလှ လှီးထားသည့် ပြည်ကြီးငါးကို ဆီ အနည်းငယ် သုတ်ထားသည့် ဒယ်အိုးထဲသို့ ထည့်ကာ အပူပေး၍ ကင်ပေးပါ။ ကင်နေစဉ်အတွင်း ဖျော်ထားသည့် ဆော့ကို အပေါ်မှ များများသုတ်ပေးပါ။ ပြည်ကြီးငါးကို အကြာကြီး မကင်ရပါဘူး။ အကြာကြီး ကင်ပါက မာသွားပါလိမ့်မည်။ အများဆုံး တစ်ဖက်ကို ၅ မိနစ်ခန့်သာ ကင်ရပါသည်။

ထို့နောက် ပန်ကန်ထဲတွင် အောက်ခံ အရွက်ခင်း၍ (အောက်ခံအရွက်ကို ဆလက်ရွက်ဖြစ်စေ၊ ပဲပင်ပေါက်နှင့် ကြက်သွန်မြိတ် ရော၍ဖြစ်စေ မိမိကြိုက်ရာ ခင်းလို့ရပါသည်။) အရွက်ခင်းကာ ပြည်ကြီးငါးကင်ကို လှပအောင်ထည့်၍ အပေါ်တွင် ဆော့လက်ကျန်များ အားလုံးလောင်းထည့်ကာ အရသာရှိစွာဖြင့် အသင့်စားသုံးနိုင်ပါသည်။

Credit: ဇွဲသုသု