အားလုံးမင်္ဂလာပါ။ မြန်မာတို့အတွက် ငါးပိရည်ကမရှိမဖြစ်ပါနော်။ ဒါပေမယ့်လည်း ဒီတစ်ခါတော့ အပြောင်းအလဲဖြစ်အောင် ပဲငါးပိလေးချက်စားကြရအောင်။ အရသာကို အစပ်အရသာလေးပြုလုပ်ထားလို့ ထမင်းစားရတာ အစပ်အဟပ်တည့်နေမှာပါနော်။
ပါဝင်ပစ္စည်းများ
- ပဲငါးပိအစို – ၂၀ ကျပ်သား
- ကြက်သွန်နီ – ၁ လုံး
- ကြက်သွန်ဖြူ – ၅ တက်
- ငရုတ်သီးခြောက်တောင့် – ၅ တောင့်
- ငရုတ်သီးစိမ်း – ၅ တောင့်
- နံနံပင် – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်ခြောက်တောင့်တို့ ရောပြီး ညှက်အောင်ထောင်းပါ။
- ခရမ်းချဉ်သီးကို ပါးပါးလှီးပါ ။ ငရုတ်သီးစိမ်းကို ခပ်ကြီးကြီးလှီးပါ။
- ဒယ်အိုးရဲ့အောက်ခြေမှာ ထောင်းထားသော ကြက်သွန်အရောကို ထည့်ပြီး၊ နနွင်းမှုန့်၊ အရောင်တင်နှင့် ဆား ၊ ဟင်းခတ်မှုန့်ကို ထည့်ပါ။ (ဆားမထည့်ခင် ပဲငါးပိအရသာကို မြည်းစမ်းထားဖို့လိုပါမည်)
- ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းထည့်ပြီး ဆီအနည်းငယ်ထည့်ကာ အဖုံးအုပ်ကာ ရေခမ်းဆီပြန်သည်အထိ ချက်ပါ။ ခရမ်းချဉ်သီးအနှစ်ကျပြီဆိုမှ ပဲငါးပိ ထည့်ပြီးမွှေပေးပါ။
- ပဲငါးပိထည့်ပြီး ရေခမ်း ၊ ဆီပြန် ၊ အနှစ်ကျအောင် တစ်ကြိမ်အဖုံးပိတ်ပြီး ချက်ပါ။ မီးဖိုပေါ်မှ ချကာ နီးလျှင် နံနံပင်လေးအုပ်ပေးပါ။
Credit: ဟင်းချက်နည်းများ