အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ခါမှာတော့ အသီးဆန်းဆန်းလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အသီးလေးနာမည်ကတော့ ခမ်သီးလို့ခေါ်ပြီး ကြားလေ့မရှိကြလောက်ပါဘူး။ ဒီလိုအသီးလေးကို ငရုတ်သီးလေးရောပြီး စပ်စပ်လေးထောင်းစားကြည့်ရင် တကယ်ကိုစားလို့ကောင်းလှပါတယ်။

ပါဝင်ပစ္စည်းများ

  • ခမ်သီး
  • ပုဖွန်လှော်
  • မျှင်ငပိ
  • ကြက်သွန်ဖြူ
  • ငြုပ်သီးစိမ်း
  • ဟင်းချိုမှုန့်

ပြုလုပ်နည်း

  1. ခမ်သီးကို နှစ်ခြမ်းခွဲပြီး အလည်မှ အစေ့ကို ဒါးသေးသေး၏ ထိပ်အချွန်လေးဖြင့် ကော်ထုတ်ပါ။ ပြီးလျင် အစီးများ ထွက်သွားအောင် ရေစိမ်ထားပါ။
  2. ပုဇွန်သေးသေးလေးများကို အရင်လှော်ပါ။ ပြီးလျင် အအေးခံပါ။ မျှင်ငပိကို မီးဖုတ်ထားပါ။
  3. ငြုပ်သီးစိမ်း ၊ ကြက်သွန်ဖြူ၊ ဆား နှင့် ဟင်းချိုမှုန့်ကို အရင် ညက်နေအောင် ထောင်းပါ။
  4. ပြီးလျင် ပုဇွန်လှော် နှင့် ခန်သီးကိုပါ ထောင်းထားသော ငြုပ်သီးတို့နှင့် ရော၍ ထည့်ပြီး ထောင်းပါ။
  5. ထောင်းထားသော အရာများ နံှ့စပ်သွားပြီဆိုလျင် မိမိနှစ်သက်ရာ အစပ် အပေါ့အငံ အနေတော်ဖြစ်လျင် သုံးဆောင်နိုင်ပါပြီ။

MyFood Myanmar