၀က်သားစဉ်းကောနဲ့ ပဲပြာအစပ်ချက်ကတော့ တရုတ်ဟင်းလျာ တစ်မျိုးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်သား၊
- ပဲပြား၊
- ကြက်သွန်မြိတ်
- ကြက်သွန်ဖြူ
- ဂျင်း
- ငရုတ်ကောင်း
- ဆား
- ပဲငံပြာရည်အကြည်
- ဆီ
- ငရုတ်သီးအကြမ်းဖတ်
- ငရုတ်သီးအရှည် အခြောက်တောင့်
- ကော်မှုန့် အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ဝက်သားကို နုတ်နုတ်စဉ်းပြီး ဆား အနည်းငယ် နယ်ပြီး နှပ်ထားပါ။
ပဲပြားကို ရေဆေး အတုံးလေးတွေ တုံးထားပါ။ ကြက်သွန်ဖြူ ၊ ဂျင်း အနည်းငယ်ကို နုတ်နုတ်စင်းထားပါ။ ကြက်သွန်မြိတ်ကို လှီးထားပါ။ ကော်မှုန့် ဇွန်းတစ်ဝက်ခန့်ကို ရေဖျော်ထားပေးပါ။
အိုးထဲမှာ ရေထည့်၊ ဆား အနည်းငယ် ထည့်ပြီး ပဲပြားကို သုံးမိနစ်လောက် ထည့်ပြုတ်ပေးပါ။ ပြီးရင် ရေစစ်ပြီး ဆယ်ထားပါ။ ထည့်ချက်တဲ့အခါမှာ မကျေ ကုန်အောင်ပါ။
ပြီးတာနဲ့ ဒယ်အိုးထဲကို ဆီ အနည်းငယ်ထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူ ၊ ကြက်သွန်မြိတ် ၊ ငရုတ်ကောင်း ၊ ဂျင်းထည့်ပြီး ဆီသတ်ပေးပါ။
မွှေးလာတာနဲ့ ငရုတ်သီးထည့်ပြီး့ ဆီအနီရောင် ဖြစ်လာတာနဲ့ မွှေပေးပြီး ဝက်သား ထည့်ပါ။ ငရုတ်သီးခြောက်အတောင့်ရှည်ထည့် ၊ ပဲငံပြာရည် အကြည် နည်းနည်းထည့်ပါ။
ဝက်သား အညိုရောင် ဖြစ်လာပြီဆိုရင် ပဲပြားထည့်ပါ။ နှံ့အောင် မွှေပေးပါ။ကြက်ပြုတ်ရည် (သ) ရေ အနည်းငယ် ထည့်ပြီး သုံးမိနစ်လောက် တည်ပေးပါ။
ပြီးတာနဲ့ ကော်ရည် နည်းနည်းထည်၊့ ဆားနည်းနည်း ထည့်ပြီး တည်ပေးပါ။ အရသာ အပေါ့အငံကို လိုသလို ပြုပြင်ပါ ။ ငါးမိနစ်လောက် တည်ပေးပြီး ဟင်းအနှစ် ပြစ်လာပြီ ဆိုတာနဲ့ မီးဖိုပေါ်က ချပြီး ထမင်းနဲ့ သုံးဆောင်လို့ ရပါပြီ။ (အသားကို ကြိုက်နှစ်သက်ရာ အသားသုံးလို့ ရပါတယ် ။)
Credit: Sango’s Curries