ပါဝင်ပစ္စည်းများ
- ပုဇွန်ပေါက်စ ၄၀ သား
- ကြက်သွန်နီ အကြီး ၁ လုံး
- ကြက်သွန်ဖြူ အမွှာသေး ၃ ဇွန်း (ထမင်းစားဇွန်း)
- နနွင်းမှုန့် အနည်းငယ်
- ငရုတ်သီးခြောက် ခွဲခြမ်း နို့ဆီဗူး တဝက်
- ဆီ ၄/၅ ဇွန်း (ထမင်းစားဇွန်း)
- ဆား အနည်းငယ်
- အချိုမှုန့် အနည်းငယ်
ပြုလုပ်နည်း
- ပုဇွန်ပေါက်စများကို သန့်စင်ပြီး ရေစစ်ထားပါ။ ရေစစ်ထားသည့် ပုဇွန်ပေါက်စများကို ဆား နှင့် နနွင်းမှုန့် တို့နှင့် နယ်ထားပါ။
- ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။ ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ထောင်းထားသော ကြက်သွန်ဖြူ၊ နီများကို ဆီသတ်ပါ။
- ကြက်သွန်အရောင် ပြောင်းပြီး အနံ့မွှေးလာလျင် ပုဇွန်ပေါက်စများကို ထည့်၍ ကြော်ပါ။ ပုဇွန်ပေါက်စများ ခြောက်လာပါက မီးဖိုမီး၏ အရှိန်ကို လျော့ပြီး ငရုတ်သီးခြောက် ခွဲခြမ်းကိုထည့်ပြီး သမအောင် မွှေပြီး ခဏကြော်ပါ။
- ပြီးလျင် မီးဖို မီးပိတ်ပြီး အချိုမှုန့် အနည်းငယ် ဖြူး၍ အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။
- ပုဇွန်ပေါက်စ စပ်စပ်ကြော်ကို ချဉ်သော တို့စရာများနှင့် တွဲစားလျင် လိုက်ဖက်ပါသည်။ သရက်သီးစိမ်းရှိလျင် ပို၍ လိုက်ဖက်ပါသည်။
MyFood Myanmar