မုန့်လုံးရေပေါ်ကို တစ်မျိုးလေး လုပ်စားကြရအောင်။ မုန့်လုံးရေပေါ်ကို အစာသွပ်မဲ့ အစား အပြင်ကနေ မြေပဲ ထန်းလျက် နဲ့ အုပ်ပြီး လုပ်စားကြည်လိုက်တော့ လူကြီး လူငယ် အားပေးမှုများတာကြောင့် မြေပဲထန်းလျက် ကြိုက်သူတွေ အတွက် အရသာသစ်လေး လုပ်စားလို့ရအောင် ဖော်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- နှမ်းအနက် – ၅ ဇွန်း (စားပွဲဇွန်း)
- အုပ်စု (က)
- ကောက်ညှင်းဆန်မှုန့် – ၈ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
- ဆန်ကြမ်းမှုန့် – ၂ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
- ရေ – ၄ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
- ဆား – ၂ ဇွန်း (လက်ဖက်ဇွန်း)
- အုပ်စု (ခ)
- ထန်းလျက် – ၂၅ ကျပ်သား
- ချင်း – လက်တစ်ဆစ် ( သုံးပိုင်းပိုင်းထားပါ)
ပြုလုပ်နည်း
- ဖန်ပန်းကန်လုံး အကြီးထဲကို အုပ်စု (က) ပစ္စည်းများ အားလုံးထည့်နယ်ပါ။ ရေကို ဖြည်းဖြည်းချင်း လိုသလောက် လောင်းထည့်ပေးပါ။ မုန့်အနှစ်များ စေးပြီး လက်မှာ မကပ်လျှင် ရပါပြီ။
- ပေါင်းအိုး ကို ရေအသင့်အတင့် ထည့်ပြီး အငွေ့တက်အောင် တည်ထားပါ။
- မုန့်နှစ်များကို လိုသလို အနေတော် အလုံးလေးတွေ လုံးပြီး ပြန်ပြားပြီး ပန်းပုံစံခွက်နဲ့ ပုံစံဖြတ်ပါ။ ရရှိလာသော ပန်းပုံ မုန့်နှစ်ပြားလေးများ ပေါ်မှာ လိုရာ ပုံဆွဲပြီး နှမ်းအနက် ကပ်ပါ။
- ပေါင်းအိုးထဲ မှာစီထည့်ပါ။ တစ်ခုနဲ့ တစ်ခု အနည်းငယ်ခွာ ထည့်ပါ။ ၁၀ – ၁၅ မိနစ်လောက် ပေါင်းပေးပါ။ မုန့်နှစ်ပြား အထူအပါး ပေါ်မူတည်ပါတယ်။
- အိုးအသေးလေးဖြင့် ထန်းလျက်ကို ချင်းနဲ့ ညောင်စေးကျအောင် ကြိုပါ။ ချင်း ရဲ့ အရသာနဲ့ အနံက ဆွဲဆောင်မှု ရှိစေပါတယ် ။ ချင်းထန်းလျက်ရည်ဖြင့် မုန့်ပေါင်းလေးများကို နွေးနွေးလေး တို့စားပါ။
မှတ်ချက် – အချိုစားပြီး အီတတ်သောသူများ၊ မူးမောတတ်သောသူများအတွက် ချင်းကို ထန်းလျက်ထဲ ထည့်ကြိုထားချင်း ဖြစ်ပါတယ်။