ပါဝင်ပစ္စည်းများ
- အမဲသား
- ကြက်ဥပြုတ်
- မိူအခြောက်
- ပဲငံပြာရည်အကြည်ရည်
- ပဲငံပြာရည်အနောက်ရည်
- တရုတ်မဆလာမွှေးမှုန့်
- ဂျင်း
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ဆား
- ဆနွင်းမှုန့်
- ငရုပ်သီးအရောင်တင်မှုန့်
- ဆီ
ပြင်ဆင်ပြုလုပ်နည်း
- အမဲသားကို အနေတော်တုံးပြီး ရေစင်စင်ဆေး၍ စစ်ထားပါ ။ ကြက်ဥကို ပြုတ်၍ အခွံခွာပြီး မွှန်းထားပါ ။
- မိူအခြောက်ကို ရေစိမ်ပြီး အနေတော်လှီးထားပါ ။ အသားကို ဇလုံထဲထည့်ပြီး ပဲငံပြာရည်အကြည်ရည် ၊ အနောက်ရည်တို့ ထည့်ပါ၊ တရုပ်မဆလာမွှေးမှုန့် ထည့်ပါ ။ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ထောင်းထားတာ ထည့်ပါ ။ ဆားအနည်းငယ် ၊ ဆနွင်းမှုန့် ၊ ငရုပ်သီးအရောင်တင်မှုန့်တို့ ထည့်ပြီး အားလုံးနှံ့အောင် နယ်ပါ ။
- ဆီအိုးတည်၍ ဆီပူလာလျှင် အသားနယ်ထားတာ ထည့်ပြီး လှုပ်ရင်း မကပ်အောင် မွှေပေးပါ ။ ဆီပြန်လာလျှင် ရေမြုတ်အောင် ထည့်ပြီး အသားနူးအောင် မီးအလယ်အလတ်နဲ့ တည်ပါ ။ အသားနူးလို့ ဆီကျန်ရေကျန်လေးဖြစ်ချိန်မှာ မိူနဲ့ကြက်ဥ ထည့်ပါ ။
- ပုဇွန်ခြောက် အကောင်ကြီးရှိရင် အနည်းငယ်ထည့်ပါ ။ ရေလေးနည်းနည်း ထပ်ထည့်ပြီး ဆီပြန်ရင် အိုးချလို့ ရပါပြီ ။ မွှေးကြိုင်အရသာရှိသော ထမင်းမြိန်သည့် ဟင်းတခွက်ရပါပြီ ။
Credit: မနီ(နော်ဝေး)