အီနိုကီမှို ကို မြန်မာပြည်မှာ ပင်အပ်မှို လို့ ခေါ်ကြတယ် လို့ ပြောကြပါတယ်။
ပါဝင်ပစ္စည်းများ
- အီနိုကီမှို – တစ်ထုပ်
- ကြက်သွန်ဖြူ – ၅ တက်
- ချင်း – ပါးပါး ၂ချပ်
- ငရုတ်သီးစိမ်း. – ၅ တောင့်
- နံနံပင် – အနည်းငယ်
- ဆား
- ဟင်းခတ်မှုန့်
- ငရုတ်ကောင်းမှုန့်
- သံပုရာသီးတစ်စိတ်
- ပဲငံပြာရည်
- သကြား
- ဗီနီဂါ
ပြင်ဆင်ပြုလုပ်နည်း
- အီနိုကီမှို ကို အမြစ်တွေဖြတ်ပြီး ၁၅ ခုလောက်ပါတဲ့ အစုအဝေးလေးတွေဖြစ်အောင် ခွဲထုတ်ပါ။ ဆား၊ ဟင်းခတ်မှုန့် ၊ ငရုတ်ကောင်းမှုန့် ၊ သံပုရာသီးတစ်စိတ်လောက်နဲ့ အရသာနယ်ပြီး နှပ်ထားပါ။ ထိုစဉ်အတွင်း ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ချင်း၊ နံနံပင် တွေကို နုပ်နုပ်စဉ်ပြီး ပဲငံပြာရည် ၊ သကြား ၊ ဗီနီဂါ ၊ တို့နဲ့ ချဉ်ငံစပ်ရည်ပျစ်ပျစ်လေး စပ်ထားပါ။
- မှိုတွေရဲ့ အောက်ခြေမှာ ကြက်သွန်မြိတ်နဲ့ စည်းနှောင်ပြီး ပန်းကန်ပြားတစ်ခုမှာ ထည့်ကာ အငွေ့ကောင်းသောပေါင်းအိုးမှာ ၃ မိနစ်ခန့် ပေါင်းပါ။ ပေါင်းအိုးက ထုတ်လာတာနဲ့ ချဉ်ငံစပ်ရည်လေး လောင်းချ ပြီးသုံးဆောင်ရတဲ့ သားသတ်လွတ် လွယ်ကူတဲ့ မှိုပေါင်းတစ်မျိုးဖြစ်ပါတယ်။
Credit: ဟင်းချက်နည်းများ