ပါဝင်ပစ္စည်းများ
- မုံညင်းနု
- ခရမ်းချဉ်သီး
- ဆား
- ဟင်းချို မှုန့်
- မြေပဲဆံစိမ်း (လှော်ထောင်းထားပါ)
- ပဒေကော
- နံနံပင်
- ရွှေလိပ်ပြာ အကြော်မှုန့်
ပြုလုပ်နည်း
- မုံညင်းကို ရေဆေးပြီး စစ်ထားပါ ။ ခရမ်းချဉ်သီး ၊ ဆား ၊ နံနံ ၊ ဟင်းချို မှုန့် ၊ ရွှေလိပ်ပြာ အကြော်မှုန့် ၊ ပဒေကော ၊ မြေပဲဆံစိမ်းထောင်း ထည့်နယ်ပြီး ငှက်ပျောဖက်ထဲ ထည့်ထားပါ ။
- မိနစ် ၄၀ လောက်ပေါင်းရင် ရပါပြီ ။ စားခါနီးမှာ မုံညင်းပေါင်းပေါ် နံနံ ၊ ပဒေကော ၊ မြေပဲဆံစိမ်းလှော်ထောင်း ဖြန်းပြီးစားလို့ ရပါတယ် ။
- ပဲပုပ်မီးကင်ထောင်းလည်း ပါသေးတယ်နော် ။
Credit: Phyu Phyuhnin