ပါဝင်ပစ္စည်းများ

  • ပုစွန်ခြောက် ၅ ကျပ်သား
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ ၅ တတ်
  • ချင်း အနည်းငယ်
  • ငရုတ်ကောင်းမှုန့် ၀.၂၅ လ္ဘက်ဇွန်း

  • ပန်းဂေါ်ဖီ ၁၅ ကျပ်သား
  • ခနောကြက်သားမှုန့် ၁ ဇွန်း
  • နနွင်းမှုန့် ၀.၂၅ လ္ဘက်ဇွန်း
  • ပဲဆီသန့်  ၃ ဇွန်း
  • ငရုတ်သီးစိမ်း ၅ တောင့်

ပြင်ဆင်ချက်ပြုတ်ပုံအညွှန်း

၁။ ပုစွန်ခြောက်ကို ရေစိမ်ထားပြီး ပန်းဂေါ်ဖီ ကို သန့် စင်ရျွ် ၂ မိနစ်ခန့် ပြုတ်ထားပါ။

၂။ ဒယ်အိုးတွင် ပဲဆီသန့် ကိုအပူပေးပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ချင်း ၊ နနွင်းမှုန့် တို့ နှင့် ပုစွန်ခြောက်ကိုဆီသတ်ပါ။

၃။ ပုစွန်ခြောက် ကျက်လျှင် အသင့်သန့် စင်ထားသော ပန်းဂေါ်ဖီ ကို ထည့်ကြော်ပြီး အရသာကို ခနော ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ နှင့် ထိန်းညှိပေးပါ။

၎။ ပန်းဂေါ်ဖီ နူးလျှင် ငရုတ်သီးစိမ်းအုပ်ပြီးတည်ခင်းပါ။

Knorr