ပါဝင်ပစ္စည်းများ

  • မှိုအစုံ – ၃၀ ကျပ်သား (အနေတော်လေးတွေ လှီးထားပါ)
  • ပတဲကော – လက် ၂ ဆစ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ – ၂ မွှာ (ဓားပြားရိုက်ထားပါ)
  • ငရုတ်သီးစိမ်း – ၂ တောင့် (ပါးပါး လှီးထားပါ)
  • ခနောကြက်သားမှုန့် – ၂ လ္ဘက်ဇွန်း
  • ငံပြာရည် – တစ်ဝက် – -လ္ဘက်ဇွန်း
  • ပင်စိမ်း – ၂ ပင် (အရွက်ချွေထားပါ)
  • ပဲဆီ – ၂ ဇွန်း ခွဲ- လ္ဘက်ဇွန်း
  • ငရုတ်သီးအနှစ် – ၁/၂ ဇွန်း -လ္ဘက်ဇွန်း

ပြုလုပ်နည်း

  1. ဒယ်အိုးထဲ ဆီထည့်ပြီးအပူပေးပါ။ ဆီပူလျှင် ပတဲကော၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ထည့်ပြီး ၂ မိနစ်လောက် ကြော်ပါ။ ကြက်သွန်ဖြူ မွှေးလာလျှင် မှိုများထည့်ပြီး ၂ မိနစ်လောက်ထပ်တည်ပါ။ ပြီးလျှင် ကျန်ပါဝင်ပစ္စည်းများ ထပ်ထည့်ပြီး မွှေပေးပါ။ မှိုနွမ်းလျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ ပူပူလေးသုံးဆောင်လျှင် ပိုကောင်းပါသည်။

Knorr