ပါဝင်ပစ္စည်းများ
ဝက်သား – 15ကျပ်သား
ခရမ်းချဉ်သီး – တစ်လုးံ
ကြက်သွန်နီ – တစ်လုးံ
ခါကျက်ဥ
ရွှေပဲသီး
ခရမ်းချဉ်သီးဆော့ – 3ဇွန်း
ပဲငံပြာရည် – 2ဇွန်း
ရှာလကာရည် (ဗီနီကာ) – 1ဇွန်း
သကြား – 2ဇွန်း
နှမ်းဆီ – 1/2 ဇွန်း
ဆား -1ဇွန်း
ကြက်ဥ – တစ်လုးံ
ဂျုံ – သုးံဇွန်း
ဂျင်း
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
ကော်မှုန့်
ပြုလုပ်နည်း
ဝက်သားစဉ်းပြီးး ကြက်ဥ တစ်လုးံ၊ ဂျုံ သုးံဇွန်း၊ အချိုငံ၊ ဂျင်း၊ ကြက်သွန်ဖြူ ရောနယ်ပြီး အလုံးလေးများ လုံးပြီး ဆီပူပူတွင်ထဲ့ ကြော်ထားပါ။
ခရမ်းချဉ်သီးဆော့ 3ဇွန်း၊ ပဲငံပြာရည် 2ဇွန်း၊ ဗီနီကာ 1ဇွန်း၊ သကြား 2ဇွန်း၊ နှမ်းဆီ 1/2 ဇွန်း၊ ဆား 1ဇွန်းတို့ကို ပန်းကန် တလုးံတွင် ဖျော်ထားပါ။
အသီးအနှံတွေကို လိုသလို လှီးပြီး သန့်စင်ထားပါ။
အိုးထဲ ဆီထည့်ပြီး ကြက်သွန်နီ ဖြူ ဆီသက်ပါ။
ပြီးလျှင် အသီးအနှံများ ထည့်ပါ။ ရေနဲနဲထည့်ပြီး ကျက်အောင်ထားပါ။ ကျက်လျှင် ဆော့ရည် လောင်းထည့်ပါ။
ထို့နောက် ဝက်သားလုးံ၊ ခရမ်းချဉ်သီး ထည့်ပြီး ဆူလျှင် ကော်ရည်အနဲငယ်ထည့် အချိုငံ မြည်းပြီး ကြက်သွန်မြိတ် ထည့်သုးံဆောင်နိုင်ပါသည်။
Credit: Daw Suu Suu