ပါဝင်ပစ္စည်းများ

ဝက်သားသုံးထပ်သား (အခေါက်မပါ)

တရုတ်ပဲအချိုနှစ်

ဟင်းချက်အရက်ချို

ငရုတ်သီးအစိမ်းမှုန့်

ကြက်သွန်မြိတ်

ကြက်သွန်ဖူး

ဂျင်း

ကြက်သွန်ဖြူ

ဟင်းရွက်ဆီ

ပဲငံပြာရည်အကြည်

သကြား

ပါဝင်ပစ္စည်းများ

ဝက်သားသုံးထပ်သားကို အခေါက်မပါဘဲ မိနစ်နှစ်ဆယ်လောက် ပြုတ်ပြီး ဆယ်ထားပါ။ အေးသွားရင် အပြားလိုက်လေးတွေ ပါးပါးလှီးထားပါ။

ကြက်သွန်မြိတ်နဲ့ ကြက်သွန်ဖူး ကိုလည်း အရှည်လိုက်လေးတွေ ဖြတ်ထားပါ။ ကြက်သွန်ဖြူ အနည်းငယ်ကို နုတ်နုတ်စဉ်းထားပါ။ ဂျင်းကို အချောင်းလိုက် ရှည်ရှည် မျှင်မျှင်လေးတွေ လှီးထားပါ။

ပြီးတာနဲ့ အိုးထဲမှာ တရုတ်ပဲအချိုအနှစ်တစ်ဇွန်း၊ ဟင်းချက်အရက်ချိုတစ်ဇွန်း၊ ပဲငံပြာရည်အကြည် တစ်ဇွန်း ၊ သကြားအနည်းငယ် ထည့်ပြီး မွှေပါ။ (ကိုယ်ချက်မည့် ဝက်သားပမာဏပေါ်မူတည်ပြီး အရသာကို လိုသလိုထည့်ပါ)

ပြီးရင် ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာတာနဲ့ ခုနကလှီးထားတဲ့ ဝက်သားကိုထည့်ပြီး ကြော်ပေးပါ။ ဝက်သားက အနားလေးတွေ ကျွတ်လာတာနဲ့ ဆီထဲကနေ ဆယ်ထားပါ။ ပြီးရင် ခုနက အိုးကို မီးဖိုပေါ်တင်ပြီး ဆူလာတာနဲ့ ကြော်ထားတဲ့ ဝက်သားထည့်ပါ။ ဂျင်း၊ ကြက်သွန်ဖြူ ထည့်ပါ။ ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်ထည့်ပါ။ ကြက်သွန်ဖူး ထည့်ပါ။ မွှေပေးပြီး ကြက်သွန်ဖူး လည်းနူး အန့ံ့လေးမွှေးလာတာနဲ့ လှီးထားတဲ့ ကြက်သွန်မြိတ်ကို ထည့်ပါ။ နွမ်းသွားတာနဲ့ မီးပိတ်ပြီး ပန်းကန်ထဲထည့် သုံးဆောင်လို့ရပါပြီ။

Credit: ဆန်ဂိုဟင်းလျာများ-Sango’s Curries