ပါဝင်ပစ္စည်းများ
- ငါးခေါင်း တခြမ်း
- မကျည်းရွက် ၁ ဗူး (နို့ဆီဗူး)
- ကဇွန်းရိုးနီ ၁ စည်း (ခြွေထားပါ)
- ခရမ်းချဉ်သီး ၁ လုံး (မထူမပပါး လှီးထားပါ)
- ကြက်သွန်နီ တခြမ်း (ပါးပါးလှီးထားပါ)
- နနွင်းမှုန့် အနည်းငယ်
- ဆား အနည်းငယ်
- ငံပြာရည် အနည်းငယ်
- ငရုတ်သီးစိမ်း
- နံနံပင်အမြစ်
- ရေ
ပြုလုပ်နည်း
- ငါးခေါင်းကို သန့်စင်ပြီး ငံပြာရည် ၊ ဆား နှင့် နနွင်းမှုန့် တို့နှင့် နယ်ထားပါ။
- အိုးထဲတွင် နယ်ထားသော ငါးခေါင်းကို ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်အမြစ် နှင့် ရေကို မြုပ်ရုံ ထည့်ပြီး ပြုတ်ပါ။
- ဟင်းရည်ကျပြီ ဆိုလျင် ခြွေထားသော ကဇွန်းရိုးနီ နှင့် ငရုတ်သီးစိမ်း ကိုထည့်ပါ။ ရေလိုပါက ရေနွေးကို ထည့်ပါ။
- ကဇွန်းရိုးနီ နူးကာနီးတွင် မကျည်းရွက်ကို ထည့်ပါ။
- အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar