ပါဝင်ပစ္စည်းများ

  • ငါးခေါင်း တခြမ်း
  • မကျည်းရွက် ၁ ဗူး (နို့ဆီဗူး)
  • ကဇွန်းရိုးနီ ၁ စည်း (ခြွေထားပါ)
  • ခရမ်းချဉ်သီး ၁ လုံး (မထူမပပါး လှီးထားပါ)
  • ကြက်သွန်နီ တခြမ်း (ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်
  • ငံပြာရည် အနည်းငယ်
  • ငရုတ်သီးစိမ်း
  • နံနံပင်အမြစ်
  • ရေ

ပြုလုပ်နည်း

  1. ငါးခေါင်းကို သန့်စင်ပြီး ငံပြာရည် ၊ ဆား နှင့် နနွင်းမှုန့် တို့နှင့် နယ်ထားပါ။
  2. အိုးထဲတွင် နယ်ထားသော ငါးခေါင်းကို ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်အမြစ် နှင့် ရေကို မြုပ်ရုံ ထည့်ပြီး ပြုတ်ပါ။
  3. ဟင်းရည်ကျပြီ ဆိုလျင် ခြွေထားသော ကဇွန်းရိုးနီ နှင့် ငရုတ်သီးစိမ်း ကိုထည့်ပါ။ ရေလိုပါက ရေနွေးကို ထည့်ပါ။
  4. ကဇွန်းရိုးနီ နူးကာနီးတွင် မကျည်းရွက်ကို ထည့်ပါ။
  5. အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar