မကျည်းသီးစိမ်းက ပေါ်ဦးပေါ်ဖျားကာစ ညောင်ရွှေဈေးနေ့မှာ နို့ဆီဘူး ၁ဘူးကို ၂၀၀ ၊ ၃ ဘူးမှ ၅၀၀ ရယ် ။ မကျည်းသီးစိမ်းလေး တွေကလည်း နုလို့ ။ မကျည်းသီးထောင်းလေး လုပ်စားတယ်ပေါ့နော်။
ပါဝင်ပစ္စည်းများ
- မကျည်းသီးစိမ်း – ၁ ဘူး (နို့ဆီဘူး)
- ကြက်သွန်ဖြူ အသေး – ၂ လုံး
- ငရုတ်သီးစိမ်း – ၃၀ တောင့်
- ဆား ( အနည်းငယ် )
- ဆီ ( အနည်းငယ် )
ပြုလုပ်နည်း
- မကျည်းသီးစိမ်းကို ရေစင်အောင် ဆေးပါ ။ ပြီးလျှင် ဆုံထဲတွင် မကျည်းသီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ဆား တို့နှင့် ရောထောင်းပါ ။
- အချဉ် အစပ် အရသာကို မြည်း၍ မိမိကြိုက်နှစ်သက်သော အရသာရလျှင် မကျည်းသီးစိမ်းထောင်းပေါ်မှ ပဲဆီစစ်စစ်ကို အနည်းငယ် ဆမ်း၍ သုံးဆောင်နိုင်ပါပြီ။
- အချိုမှုန့် လုံးဝ မထည့်ပါ ။ မိမိကြိုက်နှစ်သက်ပါက ထည့်၍ စားသုံးနိုင်ပါသည်။
MyFood Myanmar