မကျည်းသီးစိမ်းက ပေါ်ဦးပေါ်ဖျားကာစ ညောင်ရွှေဈေးနေ့မှာ နို့ဆီဘူး ၁ဘူးကို ၂၀၀ ၊ ၃ ဘူးမှ ၅၀၀ ရယ် ။  မကျည်းသီးစိမ်းလေး   တွေကလည်း နုလို့ ။  မကျည်းသီးထောင်းလေး လုပ်စားတယ်ပေါ့နော်။

ပါဝင်ပစ္စည်းများ

  • မကျည်းသီးစိမ်း – ၁ ဘူး (နို့ဆီဘူး)
  • ကြက်သွန်ဖြူ အသေး – ၂ လုံး
  • ငရုတ်သီးစိမ်း – ၃၀ တောင့်
  • ဆား ( အနည်းငယ် )
  • ဆီ ( အနည်းငယ် )

ပြုလုပ်နည်း

  1. မကျည်းသီးစိမ်းကို ရေစင်အောင် ဆေးပါ ။ ပြီးလျှင် ဆုံထဲတွင် မကျည်းသီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ဆား တို့နှင့် ရောထောင်းပါ ။
  2. အချဉ် အစပ် အရသာကို မြည်း၍ မိမိကြိုက်နှစ်သက်သော အရသာရလျှင် မကျည်းသီးစိမ်းထောင်းပေါ်မှ ပဲဆီစစ်စစ်ကို အနည်းငယ် ဆမ်း၍ သုံးဆောင်နိုင်ပါပြီ။
  3. အချိုမှုန့် လုံးဝ မထည့်ပါ ။ မိမိကြိုက်နှစ်သက်ပါက ထည့်၍ စားသုံးနိုင်ပါသည်။

MyFood Myanmar