အချိန်တိုင်းမရတဲ့ မကျည်းရွက်ကြော်လေးကို အခုလို ပေါ်ခါစလေးဖြစ်လာတော့ မနက်ရုံးမသွားခင်အလွယ်နည်းလေးကြော်ပြီး  ထမင်းကြော်လေးနဲ့လည်စား ထမင်းချိုင့်မှာလည် အလွယ်တကူ ထည့်လို့ ရသလို စားတဲ့အချိန်မှာလည် အချဉ်ဓာတ်လေးပါတော့ ရုံးမှာ ပါလာတဲ့ ထမင်းကတော့ ကုန်တာတောင် ထပ်စားချင်နေသေးတာ။

Vegetable 1

ပါဝင်ပစ္စည်းများ

မကျည်းရွက်

ကြက်သွန်နီ

ဆီ
ငပိ

ပုဇွန်ခြောက်မှုန့်

ဆား

ငံပြာရည်

ငရုတ်သီးအကြမ်းမှုန့်

ပြုလုပ်နည်း

မန်ကျည်းရွက်နုနုလေးများကို သေချာ သန့်စင်ထားပါ။

ကြက်သွန်နီတစ်လုံးလောက်ကို ပါးပါးလှီးပြီး ဆီသတ်၍ နွမ်းလာလျှင် မကျည်းရွက် ထည့်ပါ။ ငပိလေးနည်းနည်း ဖျော်ထည့်ပါ။ ပုဇွန်ခြောက်မှုန့်ထည့်ပါ။ ဆား၊ ငံပြာရည်၊ ငရုတ်သီးအကြမ်းမှုန့်ထည့်ပါ။ ချခါနီး ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။

Credit: Moe Nge Nge‎