မနက်စာကို ဘာစားကြည့်ချင်ကြလဲ ။ ကျမကတော့ ရုံးလည်း ပိတ်တော့ လက်ဖက်ထမင်းလေးကိုကြော်ပြီး ကြက်ဥကြော်လေးနဲ့ လုပ်စားလိုက်တယ် ။ ပဲပြုတ်ထမင်းကြော်တော့ ဟုတ်ဘူးပေါ့နော် ။ ရေနွေးကြမ်း ကြိုက်တဲ့ ဖေဖေကြီး နဲ့ မေမေကြီးကတော့ ရေနွေးကြမ်းနဲ့ပေါ့ ၊ ကျမတို့ မောင်နှမတွေအတွက် ကတော့ လက်ဖက်ရည် ချိုဆိမ့်လေးနဲ့ ဆိုတော့ ရုံးပိတ်ရက်မှာ သာသာယာယာလေး ရှိသွားတာပေါ ။
ပါဝင်ပစ္စည်း
- လက်ဖတ်သား
- ဆီ
- ထမင်း
- ဆား
- ကြက်ဥကျော်
- အကျော်စုံ
ပြင်ဆင်ပြုလုပ်နည်း
- ဆီပျံဟင်းများ မစားချင်သူတွေ အတွက် လက်ဖတ်သားကို ကျေနေအောင် နယ်ထားပါ။ ဆီလေး ထည့်ပါ။
- နယ်ထားသော လက်ဖတ် ထည့်ပါ။
- ထမင်းထည့်ပါ ။ ဆားထည့်ပါ။
- လက်ဖတ်နံသင်းသင်းလေးးနဲ့ စားကောင်းပါတယ်။
- ကြက်ဥကျော် ၊ အကျော်စုံ၊ ရေနွေးးပူပူ လေးတစ်ခွက်နဲ့ တွဲဖတ် စားနိုင်ပါပြီ။
Credit: Moe Nge Nge