ပါဝင်ပစ္စည်းများ

Pork and Vegetable 1

  • ဝက်သား
  • ပင်စိမ်း
  • ငရုပ်သီးစိမ်း
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ
  • ပဲငံပြာရည်အပျစ်

ပြင်ဆင်ပြုလုပ်နည်း

ဝက်သားများအား အတုံးကလေးများ ပြုလုပ်ထားပါ။ ပင်စိမ်းများ ခြွေထားပေးပါ။ ငရုပ်သီးစိမ်းများအား ဓါးပြားရိုက်ပါ။ ကြက်သွန်ဖြူ များကိုလည်း ဓါးပြားရိုက်ပေးပါ။

ပထမဦးစွာ ကြက်သွန်နှင့် ဝက်သားအတုံးကလေးများအား ဆီသက်ပါ။ အသားများ ၇၅%လောက် ကျက်သွားပါက ဆော့စ်များအား လောင်းထည့်ပေးပါ။

ငရုပ်သီးစိမ်းများအား ထည့်ပါ။ ပင်စိမ်းအချိူ့တဝက်အား ထည့်ပေးပါ။ အရိုးပြုတ်ရေ ထည့်ပါ။ ငရုပ်ကောင်းထည့်ပါ။ အဆက်မပျက် မွှေပေးပါ။

ကျက်သွားပြီဆိုပါက ဆီပူပူတွင်ေ ကြော်ထားသော ပင်စိမ်းများအား အပေါ်မှ တင်ကာ အလှဆင်နိုင်ပါသည် ။ တစ်ချိူ ကတော့ အရောင်လှအောင် ပဲငံပြာရည်အပျစ်ကို သုံးတတ်ကျပါတယ်။

Sauce တွေကတော့

  • ခရုဆီ ၃ဇွန်းကြီး
  • သကြား ၁ဇွန်းသေး
  • အချိူမှုန့် ၂ဇွန်းသေး
  • ကြက်သားမှုန့် ၃ဇွန်းသေး
  • ငရုပ်ကောင်းမှုန့် ၁ဇွန်းသေး၊ အရိုးပြုတ်ရေ အနည်းငယ်

Credit: သံယောဇဉ်