ဒီဟင်းရည်ဟာ လူမမာတွေနဲ့ နလံထစလူနာများကို တိုက်ကျွေးမယ်ဆိုရင်လည်း အလွန်သင့်တော်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရိုး (သို့မဟုတ်) ကြက်သား (သို့မဟုတ်) ဝက်ရိုး
- Ready Made အသားလုံး
- ကြက်သွန်ဖြူ
- ဂျင်း
- ဆား
- နံနတ်ပွင့်
- ဖာလာ (ချောက်ကော၊ပါးကော)
- ပြောင်းဖူး
- မုန်လာဥနီ
- မုန်လာဥဖြူ
- အာလူး
- ဟင်းခတ်မှုန့်
- ပန်းသီး
- ပန်းသစ်တော
ပြုလုပ်နည်း
- ဒီဟင်းရည်ကတော့ ကြက်ရိုး (သို့မဟုတ်) ကြက်သား (သို့မဟုတ်) ဝက်ရိုး စသည်တို့ကို အသီးမျိုးစုံနဲ့ အရည်သောက် ချက်ထားတာ ဖြစ်ပါတယ်။ ready made အသားလုံးတွေနဲ့လည်း ချက်နိုင်ပါတယ်။
- မိမိနှစ်သက်ရာ အသား၊ အရိုးကို ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ နံနတ်ပွင့်၊ ဖာလာ (ချောက်ကော၊ပါးကော) စသည်တိုနဲ့ ထည့်ပြုတ်ပြီး ပြောင်းဖူး ၊ မုန်လာဥနီ၊ မုန်လာဥဖြူ ၊ အာလူး၊ စသည့် အသီးအနှံများကို အနေတော် အရွယ်တုံးပြီး ထည့်ပါတယ်။
- ဟင်းခတ်မှုန့် ထည့်လိုက ထည့်နိုင်ပါတယ်။ အာလူးနဲ့ ဥနီ၊ ဥဖြူ တို့ နူးပြီဆိုရင် ပန်းသီး၊ ပန်းသစ်တော့တို့ကို အတုံးတုံးပြီး ထည့်ပါတယ်။
- ပန်းသီးများထည့်ပြီး မကြာခင်ဆိုရင် ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။ (အရမ်း ကြာကြာထားရင် ပန်းသီးတွေ ပျော့အိ သွားတတ်လို့ မီးပေါ် ခပ်ကြာကြာ မထားပဲ အမြန်ချဖို့ လိုပါတယ်။)
- ပြောင်းဖူး၊ မုန်လာဥနီ၊ ဥဖြူ၊ အာလူး၊ ပန်းသီး၊ ပန်းသစ်တော် စတဲ့ အသီးပေါင်းစုံရဲ့ အချိုဓာတ်တွေနဲ့အတူ ဟင်းရည်ရဲ့အရသာဟာ အလွန်ကို ကောင်းလှပါတယ်။ ငရုပ်ကောင်းမှုန့်လေး ခတ်ပြီး စားရင် ပိုကောင်းပါတယ်။
Credit: အစိမ်းရောင် လွင်ပြင်