ဒီဟင်းရည်ဟာ လူမမာတွေနဲ့ နလံထစလူနာများကို တိုက်ကျွေးမယ်ဆိုရင်လည်း အလွန်သင့်တော်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရိုး (သို့မဟုတ်) ကြက်သား (သို့မဟုတ်) ဝက်ရိုး
  • Ready Made အသားလုံး
  •  ကြက်သွန်ဖြူ
  • ဂျင်း
  • ဆား
  • နံနတ်ပွင့်
  • ဖာလာ (ချောက်ကော၊ပါးကော)
  • ပြောင်းဖူး
  • မုန်လာဥနီ
  • မုန်လာဥဖြူ
  • အာလူး
  • ဟင်းခတ်မှုန့်
  • ပန်းသီး
  • ပန်းသစ်တော

ပြုလုပ်နည်း

  1. ဒီဟင်းရည်ကတော့  ကြက်ရိုး (သို့မဟုတ်) ကြက်သား (သို့မဟုတ်) ဝက်ရိုး စသည်တို့ကို အသီးမျိုးစုံနဲ့ အရည်သောက် ချက်ထားတာ ဖြစ်ပါတယ်။ ready made အသားလုံးတွေနဲ့လည်း ချက်နိုင်ပါတယ်။
  2. မိမိနှစ်သက်ရာ အသား၊ အရိုးကို ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ နံနတ်ပွင့်၊ ဖာလာ (ချောက်ကော၊ပါးကော) စသည်တိုနဲ့ ထည့်ပြုတ်ပြီး ပြောင်းဖူး ၊ မုန်လာဥနီ၊ မုန်လာဥဖြူ ၊ အာလူး၊ စသည့် အသီးအနှံများကို အနေတော် အရွယ်တုံးပြီး ထည့်ပါတယ်။
  3. ဟင်းခတ်မှုန့် ထည့်လိုက ထည့်နိုင်ပါတယ်။ အာလူးနဲ့ ဥနီ၊ ဥဖြူ တို့ နူးပြီဆိုရင် ပန်းသီး၊ ပန်းသစ်တော့တို့ကို အတုံးတုံးပြီး ထည့်ပါတယ်။
  4. ပန်းသီးများထည့်ပြီး မကြာခင်ဆိုရင် ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။ (အရမ်း ကြာကြာထားရင် ပန်းသီးတွေ ပျော့အိ သွားတတ်လို့ မီးပေါ် ခပ်ကြာကြာ မထားပဲ အမြန်ချဖို့ လိုပါတယ်။)
  5. ပြောင်းဖူး၊ မုန်လာဥနီ၊ ဥဖြူ၊ အာလူး၊ ပန်းသီး၊ ပန်းသစ်တော် စတဲ့ အသီးပေါင်းစုံရဲ့ အချိုဓာတ်တွေနဲ့အတူ ဟင်းရည်ရဲ့အရသာဟာ အလွန်ကို ကောင်းလှပါတယ်။ ငရုပ်ကောင်းမှုန့်လေး ခတ်ပြီး စားရင် ပိုကောင်းပါတယ်။

Credit: အစိမ်းရောင် လွင်ပြင်

ရှယ်သီးစုံ ဟင်းရည်.၁