ပါဝင်ပစ္စည်းများ
- မုန့်ဖတ်
- ငါးရွှေ ရ၀ သား
- မျှင်ငပိ ၃ဇွန်း (ထမင်းစားဇွန်း)
- ပဒဲကော – လက်တစ်ဆစ်
- ကြက်သွန်ဖြူ ၂ ဥ
- ငရုပ်ကောင်း (မိမိနှစ်သက်သလောက်)
- ဆား အနည်းငယ်
- အချိုမှုန့် အနည်းငယ်
- ရေ
- ငရုပ်သီးစိမ်း
- ငါးဖယ်ကြော်
- ပဲကြော်
- မကျည်းသီးမှည့်ရည်
- ကြက်သွန်နီ (နှစ်သက်ပါက)
- နံနံပင်
ပြုလုပ်နည်း
- ငါးကို သန့်စင်ပါ ။ ဒန်အိုးထဲတွင် ငါးနှင့် ရေကို ဆူပွက်သည် အထိ တည်ပါ ။ ငါးမှ အသားများကို ထွင်ပြီး ငါးအသားး တဝက်ကို ငါးပြုတ်ရည်အိုးထဲသို့ ပြန်ထည့်ပါ ။ ကျန်ငါးအသား တဝက်ကို လှာ်ထားပါ ။ မျှင်ငပိကို ကျိုပြီး အပေါ်ရည်ကို စစ်ရျ် ပဒဲကော ၊ ငရုပ်ကောင်း နှင့် ကြက်သွန်ဖြူထောင်း ၊ ဆား နှင့် အချိုမှုန့် အနည်းငယ် တို့ကို ငါးပြုတ်ရည် အိုးထဲသို့ ထည့်ပါ။
- ရေကို လိုသလောက် ထပ်ထည့်ပြီး ဟင်းရည် ဆူလာသည်အထိ တည်ပါ။ မိမိနှစ်သက်ရာ အရသာ ရပါက ငါးပြုတ်ရည်အိုးကို မီးဖိုပေါ်မှ ချလိုက်ပါ။ ငရုပ်သီးစိမ်းကို ဒယ်အိုးထဲတွင် ရေ အနည်းငယ် နှင့် ထည့်ပြုတ်ပြီး၊ ရေခမ်းသွားလျင် အနည်းငယ်လှော်ပြီး ၊ ဆားနဲနဲနှင့် ညက်နေအောင် ထောင်းပါ။ ငရုတ်သီးတောင်း ရပါပြီ။ အာပူအရည် ငရုပ်သီးထာင်းကို ငါးပြုတ်ရည်ထဲသို့ ထည့်ချက်ပါ။
- အာပူအရည်ကို စားလိုပါက ပန်းကန်ထဲတွင် မုန့်ဖတ် ၊ ငါးဖယ်ကြော် ၊ ပဲကြော် ၊ ငရုပ်သီးထောင်း ၊ နံနံပင် နှင့် ဟင်းရည်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။ အာပူအသုတ်ကို စားလိုပါက ပန်းကန်ထဲတွင် မုန့်ဖတ် ၊ ငါးအသားလှော် ၊ ငါးဖယ်ကြော် ၊ ငဂုပ်သီးထောင်း ၊ မကျည်းသီးမှည့်ရည် ၊ အချိုမှုန့် ၊ ဆား ၊ နံနံပင် တို့နှင့် သုတ်ပြီး ငါးပြုတ်ရည်ဖြင့် တွဲဖက် စားသုံးနိုင်ပါသည်။
MyFood Myanmar