ပါဝင်ပစ္စည်းများ
- သံလွင်ဆီ ၁ဇွန်း (ထမင်းစားဇွန်း)
- ကြက်သွန်နီ အနေတော် ၁ လုံး (ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ ၃ မြွှာ ( ဓားပြားရိုက်ပါ)
- မုန်လာဥနီ ၂ ဥ ( အပေါ်ယံကို ဓားဖြင့် ခြစ်ပြီး ပါးပါးလှီးပါ)
- နံနံပင် အနည်းငယ်
- ငရုတ်ပွသီး (အနီ) တစ်ခြမ်း (ပါးပါးလှီးပါ)
- ကြက်ဆင်သား ၂၀ ကျပ်သား
- လီမွန်ဖျော်ရည် ၂ဇွန်း (ထမင်းစားဇွန်း)
- သံပရိုသီး ၁လုံး (အကွင်းလိုက် ပါးပါးလှီးပါ)
- ဟင်းနုနယ်ရွက် တစ်စည်း၏ တစ်ဝက်ကိုသာ အသုံး ပြုပါမည် (ရေစင်အောင်ဆေးပြီး အရွက်များ အရိုးများကို သင်ထား ပါ)
- ဆား အနည်းငယ်
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ကြက်ဆင်သားပြုတ်ရည်ကို လိုအပ်သလောက်
ပြင်ဆင်ပြုလုပ်နည်း
- ဟင်းရည်ချက်မည့်အိုးထဲသို့ သံလွင်ဆီကို ထည့်ပါ ။ ဆီပူ လာရင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူတို့ကို ထည့်ကာ ဆီ သတ်ပါ ။
- ပြီးနောက် မုန်လာဥနီ ၊ နံနံပင်နဲ့ ငရုတ်ပွသီး (အနီ)တို့ကို ထည့်ကာ ၁၀ မိနစ်ခန့် မွှေကြော်ပါ ။
- ထို့နောက် အသားပြုတ်ရည်ကို ရောထည့်လိုက်ပြီး ဆူ ပွက်အောင် ပြန်တည်ပါ ။
- ဆူပွက်လာရင် ပြုတ်ထားသောကြက်ဆင်သား ၊ သံပရိုကွင်း၊ လီမွန်ဖျော်ရည်တို့ကို ထည့်ကာ ၅မိနစ်ခန့်ထားပါ ။ ပြီးရင် ဟင်းနုနယ်ရွက် ၊ ဆား ၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပါ ။
- ဟင်းနုနယ်ရွက် အိပြီဆိုရင် နံနံပင်အုပ်ပေးပါ။ ဒါဆိုရင်တော့ ကြက်ဆင်သားနဲ့ လီမွန်ဟင်းရည်ကို သုံး ဆောင်လို့ရပါပြီရှင်။
Credit : သဇင်ဖြူဖြူထွေး