ပါဝင်ပစ္စည်းများ

  • ဖရုံရွက်
  • သဖန်းရွက်
  • ဒန့်ဒလွန်ရွက်
  • ညောင်ချဉ်ရွက်
  • ဆူးပုတ်
  • ကင်းပုံရွက်
  • မှိုဟင်းရည်
  • ဆား
  • ဟင်းချိုမှုန့်
  • ပဲပုပ်
  • ဆီ
  • ခရမ်းချဉ်သီးမှည့်
  • ရေ

ပြုလုပ်နည်း

  1. ဟင်းရည်အိုးထဲကို ရေ၊ ဆား၊ ဟင်းချိုမှုန့်၊ ပဲပုပ်တချပ်ကို မီးကင်ထောင်းမှုန်၊့ ဆီနဲနဲ၊ ခရမ်းချဉ်သီးမှည့် အရင်တည်ပါ။
  2. ဟင်းရည်အိုး တော်တော်ပွက် ဆူစားခါနီးမှာ အရွက်ထည့်ရင် ရပါပြီ။
  3. ဖရုံရွက်၊ သဖန်းရွက်၊ ဒန့်ဒလွန်ရွက်၊ ညောင်ချဉ်ရွက်၊ ဆူးပုတ်၊ ကင်းပုံရွက်၊ မှို ထည့်ပါတယ်။
  4. အပေါ့အငံ မြည်းရျ် သုံးဆောင်နိုင်ပါသည်။

Credit: Phyu Phyuhnin