မိုးရာသီလေးရောက်လာပီဆိုတော့ လတ်လတ်ဆတ်ဆတ်နဲ့ ပူပူနွေးနွေးလေးတွေ ယာခင်းဘေးက တဲလေးပေါ်မှာ အမေကြီး ချက်ကျွေးနေကြ ဟင်းလေးတွေထဲက တစ်မျီုးပေါ့။
ပါဝင်ပစ္စည်းများ
- ဖရုံရွက် – ၂ စည်း
- ရှမ်းပြောင်း – ၁ ဖူး
- မျှစ်စိမ်း – ၁၀ သား
- ပင်စိမ်းရွက် – ၁ စည်း
- ကြက်သွန်ဖြူ – ၂ မွှာ
- ကြက်သွန်နီ – ၁ လုံး
- ငရုပ်သီးစိမ်း – ၅ တောင့်
- ကြက်သားမှုန့်
- ဆား
ပြင်ဆင်ပြုလုပ်နည်း
- ဟင်းရည်အိုးထဲတွင် ရေဆူအောင်အရင်တည်ပြီး ကြက်သွန်ဖြူ ဓါးပြားရိုက်ထားတာနဲ့ ကြက်သွန်နီပါးပါးလှီးထားတာထည့်ပါ။ မျှစ်ပြုတ်ထားပြီးသားကို ပါးပါးလှီးပြီး ထည့်ပါ ။
- ကြက်သားမှုန့် နှင့် ဆား အနည်းငယ် ထည့်ပြီး ၅ မိနစ်ခန့်ကြာလျှင် ဖရုံရွက်နှင့် ရှမ်းပြောင်းဖူးပြုတ် ချွေပြီးသားများ ထည့်ပါ။
- အရွက်များကျက်လျှင် ငရုပ်သီးစိမ်း နှင့် ပင်စိမ်းရွက်လေးခပ်ကာ ဟင်းရည် ချို ချို ပူပူနွေးနွေး မွှေးမွှေးလေး သုံးဆောင်နိုင်ပါပြီ။
Credit: Marlar Kitchen