ပါဝင်ပစ္စည်းများ

  • ဝက်နားရွက် နှင့် ဗိုက်သား ၁ကီလို
  • Red Vinegar 1/2 လီတာ
  • ပဲငံပြာရည်အနှောက် 100 g
  • ဆား 1 ထမင်းစားဇွန်း
  • သကြား 100mg

  • ဂျင်း နုပ်နုပ်စဉ်း 1 လက်ဖက်ရည် ပန်ကန်လုံး
  • ငရုတ်ကောင်း အစေ့အဖြူ 1 ရေစိမ်ပြီး (ထမင်းစားဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

၁။ ဝက်နားရွက်ကို ရေသေချာဆေးပြီး ဗိုက်သားနဲ့ ရောပြုပ်ပါ ။ နူးသွားလျှင် နုပ်နုပ်စဉ်းပါ ။ တတ်နိုင်သလောက် နုပ်နုပ်စဉ်းပါ ။ ဗီနီဂါ ၊ ပဲငံပြာရည် ၊ သကြား ၊ ဂျင်း ၊ ငရုတ်ကောင်းစေ့ (အစေ့လိုက်ထည့်ရန်) အားလုံးနဲ့ရောပြီး ရေဆူ ခွက်ဝက်ထည့်ပြီး ခပ်ပျစ်ပျစ်လေးဖြစ်အောင် ချက်ရပါ့မယ် ။ ရရင် အအေးခံထားပါ ။
၂။ အဝိုင်း Sausage လို အပြာခပ်ကြီးကြီး လိုချင်ရင်တော့ ရေသန့်ဗူးအသေးကို အပေါ်ပိုင်းဖြတ်လိုက်ပြီး အဲ့ဒီထဲကို ချက်ထားတဲ့ ဝက်သားကို သိပ်ထည့်ပြီး အပေါ်ကနေ ပလတ်စတစ်နဲ့ ဖုံးပြီး ချည်လိုက်ပါ ။ ထိုနောက် ရေခဲသေတ္တာထဲ ထည့်ထားပါ ။ နောက်တနေ့ဆို ပါးပါးလှီးစားလို့ရပါပြီ ။ ပုလင်းထဲ မထည့်ချင်လည်း ဗူးတစ်ဗူးထဲ ထည့်လို့ရပါတယ် ။ ပုလင်းထဲထည့်တာက အဝိုင်းအရှည်လေး ဖြစ်ဖို့သာဖြစ်ပါတယ် ။

Credit: Baby Taster