နေပူပူမှာ အစား ပျက်သူများအတွက် အဆင်ပြေမယ့် ဟင်းလေးတခွက်ပါရှင်။ ငါးကို အရိုးနွှင်ရတာ စိတ်ရှုပ်သူတွေအတွက် ဒီဟင်းလျာက အကောင်းဆုံးပါပဲနော်။
ပါဝင်ပစ္စည်း
- ငါးဘတ်
- ဆား
- နနွင်း
- စပါးလင် တပင်
- ငံပြာရည်
- ရေ အနည်းငယ်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျင်း
- စပါးလင်
- အရောင်တင်မှုန့်အနည်းငယ်
- ခရမ်းချဉ်သီး
- နံနံပင်
- ဆီ
ပြင်ဆင်ပြုလုပ်နည်း
- ငါးဘတ်ကို သန့်စင်ပြီး ဆား နှင့် နနွင်းနယ် စပါးလင်တစ်ပင် ထုချည်ပြီး ငံပြာရည်ထည့်ပါ ။ ပြီးနောက် ရေအနည်းငယ် ထည့်ပြုတ်ထားပါ ။
- ကြက်သွန်နီ/ဖြူ ၊ ဂျင်း ၊ စပါးလင်တို့ကို ညက်ညက်ထောင်းပါ ။ အရောင်တင်မှုန့် အနည်းငယ် ထည့်ပါ ။ ခရမ်းချဉ်သီး နုတ်နုတ်စင်းပြီး နံနံပင်ကိုလည် ရိတ်ရိတ်လှီးထားပါ ။
- ထောင်းထားတာများကို ဆီသတ်ပါ ။ မီးအေးအေးနဲ့ မကပ်အောင် မွှေပေးပါ ။ ငါးမွှေချက်ရာမှာ ဆီသတ်တာ အရေးကြီးဆုံးပါ။
- ကြက်သွန်တွေ နီလာပြီး မွှေးလာရင် ငါးအရိုးနွှင်ထားတာကို ထည့်ပါ ။ ငါးပြုတ်ရည်များပါ ထည့်ပါ ။
- ခရမ်းချဉ်သီး ထည့်ပါ ။ ဆီပြန်သည့်အထိ မီးအေးအေးနဲ့ ချက်ပါ ။ ငံပြာရည်ကို ငါးပြုတ်ကတည်းက ထည့်ပါက ငံပြာရည်နံ့ မနံတော့ပါဘူး ။ ဆီပြန်ရင် နံနံပင်နှင့် ငရုတ်စိမ်းအုပ်ပြီး ချ၍ သုံးဆောင်နိုင်ပါသည် ။
Credit: Mi Shwe Kwett