ပါဝင်ပစ္စည်းများ
- အင်ဥ
- ကန်စွန်းရွက် – ခြွေထားပါ
- ကြက်သွန်နီ – တခြမ်း (ပါးပါးလှီးထားပါ)
- Maggie Seasoning Sauce – အနည်းငယ်
- ငံပြာရည် – အနည်းငယ်
- ဆား – အနည်းငယ်
- ဆီ
- အချိုမှုန့် – အနည်းငယ်
- ငရုတ်သီးစိမ်း အနီရောင် – ၁ တောင့် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း
- အင်ဥကို ရေဆေးပြီး သေသေချာချာ သဲများစင်သွားအောင် Brush အသေးလေးဖြင့် တိုက်၍ ရေကို အထပ်ထပ် ဆေးပါ။ ခြွေထားသော ကန်စွန်းရွက်များကို ရေဆေးပြီး ရေကို ၅ မိနစ်ခန့် စိမ်ထားပါ။ ပြီးလျင် ရေစစ် ထားပါ။ ဒယ်အိုး ထဲတွင် ဆီထည့်ပြီး ဆီပူလျင် ကြက်သွန်နီကို ထည့်ပါ။
- ပြီးလျင် ရေဆေးထားသော အင်ဥကို ထည့်ပြီး အရင် ကြော်ပါ။ (အင်ဥက နုလျင် ရေထည့်စရာ မလိုပါ။ အင်ဥက ရင့်နေလျင် ရေ အနည်းငယ် ထည့်ပြီး အဖုံးအုပ်၍ တည်ပါ ။)
- အင်ဥ နူးခါနီးတွင် ကန်စွန်းရွက် ထည့်ပါ။
- ပြီးလျင် Maggie Seasoning Sauce၊ ငံပြာရည်၊ ဆား၊ အချိုမှုန့် အနည်းငယ်စီကို ထည့်ပြီး ကြော်ပါ။
- အရသာ အပေါ့အငံ မြည်း၍ မိမိစိတ်ကြိုက် အနေဖြစ်လျင် ပါးပါးလှီးထား ငရုတ်သီးစိမ်း အနီရောင်ကို အပေါ်မှ ဖြူး၍ သုံးဆောင်နိုင်ပါပြီ။
MyFood Myanmar