ပါဝင်ပစ္စည်းများ

  • အင်ဥ
  • ကန်စွန်းရွက် – ခြွေထားပါ
  • ကြက်သွန်နီ – တခြမ်း (ပါးပါးလှီးထားပါ)
  • Maggie Seasoning Sauce – အနည်းငယ်
  • ငံပြာရည် – အနည်းငယ်
  • ဆား – အနည်းငယ်
  • ဆီ
  • အချိုမှုန့် – အနည်းငယ်
  • ငရုတ်သီးစိမ်း အနီရောင် – ၁ တောင့် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

  1. အင်ဥကို ရေဆေးပြီး သေသေချာချာ သဲများစင်သွားအောင် Brush အသေးလေးဖြင့် တိုက်၍ ရေကို အထပ်ထပ် ဆေးပါ။ ခြွေထားသော ကန်စွန်းရွက်များကို ရေဆေးပြီး ရေကို ၅ မိနစ်ခန့် စိမ်ထားပါ။ ပြီးလျင် ရေစစ် ထားပါ။ ဒယ်အိုး ထဲတွင် ဆီထည့်ပြီး ဆီပူလျင် ကြက်သွန်နီကို ထည့်ပါ။
  2. ပြီးလျင် ရေဆေးထားသော အင်ဥကို ထည့်ပြီး အရင် ကြော်ပါ။ (အင်ဥက နုလျင် ရေထည့်စရာ မလိုပါ။ အင်ဥက ရင့်နေလျင် ရေ အနည်းငယ် ထည့်ပြီး အဖုံးအုပ်၍ တည်ပါ ။)
  3. အင်ဥ နူးခါနီးတွင် ကန်စွန်းရွက် ထည့်ပါ။
  4. ပြီးလျင် Maggie Seasoning Sauce၊ ငံပြာရည်၊ ဆား၊ အချိုမှုန့် အနည်းငယ်စီကို ထည့်ပြီး ကြော်ပါ။
  5. အရသာ အပေါ့အငံ မြည်း၍ မိမိစိတ်ကြိုက် အနေဖြစ်လျင် ပါးပါးလှီးထား ငရုတ်သီးစိမ်း အနီရောင်ကို အပေါ်မှ ဖြူး၍ သုံးဆောင်နိုင်ပါပြီ။

MyFood Myanmar