I. ကြက်ငရုပ်သီးအစပ်ကြော်
ပါဝင်ပစ္စည်းများ
- Cp.ကြက်ပေါင်
- ဆား
- သကြား
- ငရုပ် ကောင်းမှူန့်
- ဟင်းခတ်မှူန့် အနည်းငယ်
- ငရုပ်သီးဆောစ့်
- ကြက်ဥ
- ဆန်မှူန့်
- ဆီ
ပြုလုပ်နည်း
- Cp.ကြက်ပေါင်လေးတွေကို အသုံးပြုပါက ပိုစား ကောင်းပါတယ်။
- ကြက်သားကို ဆား၊ သကြား၊ ငရုပ် ကောင်းမှူန့်၊ ဟင်းခတ်မှူန့် အနည်းငယ်နဲ့ ငရုပ်သီးဆောစ့်တို့နဲ့ ရောနယ်ကာ တစ်နာရီခန့်နှပ်ထားပါ။
- ကြက်ဥ တစ်လုံးခန့် ကြေအောင် ခေါက်ထားပါ။ဒယ်အိုးထဲ ဆီသန့် ခပ်များများ ထည့်ကာ အပူပေးပါ။
- ကြက်သားကို ကြက်ဥရည်ဖြင့် နှစ်ပေးပြီး ဆန်မှူန့် အနည်းငယ်နဲ့လူးပြီး၊ ဆီပူပူထဲ ကြွတ်တဲ့အထိ ၁၀ မီနစ်ခန့် ကြော်ပြီး မီးအရှိန် လျှော့ကာ ၁၅ မီနစ်ခန့် ကြွတ်အောင်ကြော်ကာ ဆီစစ် အအေး ခံထားပါ။
- စားကာနီး ငရုပ်သီး ဆောစ့်ဖြင့် လောင်းကာ သုံး ဆာင် နိုင်ပါပြီ။
II. ကြက်တောင်ပံနှမ်းကပ်ကြော်
ပါဝင်ပစ္စည်းများ
- ကြက်သား
- ဆား
- ငရုပ်ကောင်းမှူန့်.
- သကြား.
- ဟင်းခတ်မှူန့်
- ကြက်ဥ
- နှမ်းဖြူ
- ဆီ
ပြုလုပ်နည်း
- ကြက်သားကို ဆေးကြော သန့်စင်ပြီး ဆား၊ ငရုပ်ကောင်းမှူန့်.၊ သကြား၊ ဟင်းခတ်မှူန့် တို့ဖြင့်ရောနယ်ကာ ၁နာရီခန့်နှပ်ထားပါ။
- ဒယ်အိုးထဲ ဆီပူအောင် တည်ပြီး နှပ်ထားသော ကြက်သားများကို ကြက်ဥရည် နှင့် နှစ်ပြီးနှမ်း ဖြူနဲ့ လူးကာ ဆီပူပူထဲ ၁၀မီနစ်ခန့် ကြော်ပြီး မီးအရှိန်လျှော့ကာ ၁၅ မီနစ်ခန့် ကြွတ်အောင် ကြော်ပြီး ဆီစစ် အအေးခံကာ သုံးဆောင်နိုင်ပါပြီ။
III. ကြက်သားခရမ်းချဉ်သီးဆော့စ်ကြော်
ပါဝင်ပစ္စည်းများ
- ကြက်သား
- ဆီ
- ဆား
- ငရုပ်ကောင်းမှူန့်.
- သကြား
- ဟင်းခတ်မှူန့်
- ခရမ်းချဉ်သီး ဆောစ့်
ပြုလုပ်နည်း
- ကြက်သားကို ဆေးကြောသန့်စင်ပြီး..ဆား၊ ဟင်းခတ်မှူန့်၊ ငရုပ်ကောင်းမှူန့်၊ သကြား၊ ခရမ်းချဉ်သီး ဆောစ့် တို့ဖြင့် ရောနယ်ကာ ၁ နာရီခန့် နှပ်ထားပါ။
- ဒယ်အိုးထဲ ဆီပူအောင် တည်ပြီး ကြက်သား ထည့်ကာ မီနစ် ၁၀ခန့် မီးပြင်းပြင်းနဲ့ ကြော်ပြီး မီးအရှိန် လျှော့ကာ ၁၅ မီနစ်ခန့် ကြွတ်အောင်ကြော်ပြီး ဆီစစ် အအေးခံကာ ခရမ်းချဉ်သီး ဆောစ့်ဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ။
Credit: Thida Lay Lay