I. ကြက်ငရုပ်သီးအစပ်ကြော်

ပါဝင်ပစ္စည်းများ

  • Cp.ကြက်ပေါင်
  • ဆား
  • သကြား
  • ငရုပ် ကောင်းမှူန့်
  • ဟင်းခတ်မှူန့် အနည်းငယ်
  • ငရုပ်သီးဆောစ့်
  • ကြက်ဥ
  • ဆန်မှူန့်
  • ဆီ

ပြုလုပ်နည်း

  1. Cp.ကြက်ပေါင်လေးတွေကို အသုံးပြုပါက ပိုစား ကောင်းပါတယ်။
  2. ကြက်သားကို ဆား၊ သကြား၊ ငရုပ် ကောင်းမှူန့်၊ ဟင်းခတ်မှူန့် အနည်းငယ်နဲ့ ငရုပ်သီးဆောစ့်တို့နဲ့ ရောနယ်ကာ တစ်နာရီခန့်နှပ်ထားပါ။
  3. ကြက်ဥ တစ်လုံးခန့် ကြေအောင် ခေါက်ထားပါ။ဒယ်အိုးထဲ ဆီသန့် ခပ်များများ ထည့်ကာ အပူပေးပါ။
  4. ကြက်သားကို ကြက်ဥရည်ဖြင့် နှစ်ပေးပြီး ဆန်မှူန့် အနည်းငယ်နဲ့လူးပြီး၊ ဆီပူပူထဲ ကြွတ်တဲ့အထိ ၁၀ မီနစ်ခန့် ကြော်ပြီး မီးအရှိန် လျှော့ကာ ၁၅ မီနစ်ခန့် ကြွတ်အောင်ကြော်ကာ ဆီစစ် အအေး ခံထားပါ။
  5. စားကာနီး ငရုပ်သီး ဆောစ့်ဖြင့် လောင်းကာ သုံး ဆာင် နိုင်ပါပြီ။

II. ကြက်တောင်ပံနှမ်းကပ်ကြော်

ပါဝင်ပစ္စည်းများ

  • ကြက်သား
  • ဆား
  • ငရုပ်ကောင်းမှူန့်.
  • သကြား.
  • ဟင်းခတ်မှူန့်
  • ကြက်ဥ
  • နှမ်းဖြူ
  • ဆီ

ပြုလုပ်နည်း

  1. ကြက်သားကို ဆေးကြော သန့်စင်ပြီး ဆား၊ ငရုပ်ကောင်းမှူန့်.၊ သကြား၊ ဟင်းခတ်မှူန့် တို့ဖြင့်ရောနယ်ကာ ၁နာရီခန့်နှပ်ထားပါ။
  2. ဒယ်အိုးထဲ ဆီပူအောင် တည်ပြီး နှပ်ထားသော ကြက်သားများကို ကြက်ဥရည် နှင့် နှစ်ပြီးနှမ်း ဖြူနဲ့ လူးကာ ဆီပူပူထဲ ၁၀မီနစ်ခန့် ကြော်ပြီး မီးအရှိန်လျှော့ကာ ၁၅ မီနစ်ခန့် ကြွတ်အောင် ကြော်ပြီး ဆီစစ် အအေးခံကာ သုံးဆောင်နိုင်ပါပြီ။

III. ကြက်သားခရမ်းချဉ်သီးဆော့စ်ကြော်

ပါဝင်ပစ္စည်းများ

  • ကြက်သား
  • ဆီ
  • ဆား
  • ငရုပ်ကောင်းမှူန့်.
  • သကြား
  • ဟင်းခတ်မှူန့်
  • ခရမ်းချဉ်သီး ဆောစ့်

ပြုလုပ်နည်း

  1. ကြက်သားကို ဆေးကြောသန့်စင်ပြီး..ဆား၊ ဟင်းခတ်မှူန့်၊ ငရုပ်ကောင်းမှူန့်၊ သကြား၊ ခရမ်းချဉ်သီး ဆောစ့် တို့ဖြင့် ရောနယ်ကာ ၁ နာရီခန့် နှပ်ထားပါ။
  2. ဒယ်အိုးထဲ ဆီပူအောင် တည်ပြီး ကြက်သား ထည့်ကာ မီနစ် ၁၀ခန့် မီးပြင်းပြင်းနဲ့ ကြော်ပြီး မီးအရှိန် လျှော့ကာ ၁၅ မီနစ်ခန့် ကြွတ်အောင်ကြော်ပြီး ဆီစစ် အအေးခံကာ ခရမ်းချဉ်သီး ဆောစ့်ဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ။

Credit: Thida Lay Lay