ကိုရီးယား - Korean | ဝက်သား - Pork | အကင် - Grilled

ကိုရီးယားစတိုင် နံရိုးကင်နည်း

July 25, 2016

ကိုရီးယားစတိုင် နံရိုးကင်နည်း

Share this on:

ပါဝင်ပစ္စည်းများ

  • နံရိုး ၁ ကီလို
  • ပဲငံပြာရည်အကြည် ၈ ဇွန်း(စားပွဲတင်ဇွန်း)
  • ပဲငံပြာရည်အကြည် ၈ ဇွန်း(စားပွဲတင်ဇွန်း)
  • ဆန်ဝိုင် ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • နှမ်းဆီ ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုပ်သီးမှုန့် ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ ၈ မွှာ
  • ဂျင်း လက်တစ်ဆစ်ခန့်
  • ကြက်သွန်နီဥကြီး ၁ လုံး

ပြင်ဆင်ပြုလုပ်နည်း

  1. နံရိုးက အမဲနံရိုးပဲဖြစ်ဖြစ် ၊ ဝက်နံရိုးပဲဖြစ်ဖြစ် အဆင်ပြေပါတယ် ။ နံရိုးက အရိုးနု (Baby Back Ribs) ဖြစ်ရပါမယ် ။
  2. ကင်တဲ့နေရာမှာတော့ Oven နဲ့ပဲကင်ကင် ၊ မီးသွေးမီးနဲ့ပဲကင်ကင် အဆင်ပြေပါတယ် ။
  3. ပထမဆုံး ပန်းကန်လုံးတစ်ခုထဲသို့ ပါဝင်ပစ္စည်းများကို အချိုးအစားအတိုင်း ထည့်ပါ ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဂျင်းကို ညက်နေအောင်ထောင်းပါ (သို့) ကြိတ်ပါ ။ အားလုံးကိုရောမွှေပြီး ဆော့ပြုလုပ်ထားပါ ။
  4. နံရိုးများကို ရေစင်အောင်ဆေးပြီး ဇကာဖြင့်ရေစစ်ကာ အဝတ်သန့်တစ်ခုဖြင့် ရေခြောက်အောင်သုတ်ပြီး ပြုလုပ်ထားသည့်ဆော့ဖြင့်  နှံ့အောင်ရောနှယ်၍ အနည်းဆုံး ၄-နာရီကြာခန့် ရေခဲသေတ္တာထဲထည့်ပြီး နှပ်ထားပါ ။
  5. နံရိုးကို Oven နဲ့ကင်မည်ဆိုလျှင် Bake ၃၂၅ F / ၁၆၀ cံ ထားပြီး ၃-နာရီကြာထားရပါမယ် ။
  6. မီးသွေးနဲ့ကင်မည်ဆိုလျှင် သံဇကာကိုနှမ်းဆီအနည်းငယ်သုပ်ပြီး မီးဖိုပေါ်တွင်တင်ပါ ။ နံရိုးများကိုသံဇကာပေါ်တွင်တစ်ခုဆီ ညှပ်ကိုအသုံးပြု၍တင်ပါ။
  7. ပန်းကန်လုံးထဲတွင် ကျန်ခဲ့သည့်ဆော့ရည်အနည်းငယ်ကို ပျားရည် ၄-ဇွန်း (စားပွဲတင်ဇွန်း)နှင့်ရောမွှေပြီး အနည်းငယ်အပူပေး၍ ကင်နေသည့်အသားပေါ်တွင် သုပ်လိမ်းပေးပါ ။ နံရိုးနှစ်ဖက်အကျက်ညီပြီး အနံ့ မွှေးလာပါက အသင့်စားသုံးလို့ရပါပြီ ။
Credit: ဇွဲသုသု

Review

User Rating

3.6 (12 Votes)